Friday, September 20, 2013

တရုတ် လေယာဉ်တင်သင်္ဘောပေါ်တွင် တိုက်လေယာဉ်များ လေ့ကျင့်

Friday, 20 September 2013

တရုတ်ရေတပ်သည်၎င်းတို့၏ပထမဆုံးလေယာဉ်တင်သင်္ဘောကြီးပေါ်တွင်တိုက်လေယာဉ်များအဆင်းအတက်လေ့ကျင့်မှုကိုအင်တိုက်အားတိုက်စတင်လုပ်ဆောင်နေပြီဖြစ်သည်။ရှန်ယန်းJ15ငါးမန်းပျံတိုက်လေယာဉ်များသည်ယခုအခါလီအိုနင်းလေယာဉ်တင်သင်္ဘောကြီးပေါ်တွင်အဆင်းအတက်ပြုလုပ်သည့်စစ်ဆင်ရေးမျိုးအရှိန်မြှင့်လေ့ကျင့်နေကြောင်းသိရှိရသည်။J15များသည်လေယာဉ်တင်သင်္ဘောပေါ်တွင်တပ်စွဲနေရာယူနိုင်အောင်ဖန်တီးထားသည့်ဘက်စုံသုံးတိုက်လေယာဉ်များဖြစ်သည်။J15များကိုယူကရိန်းထံမှတရုတ်ကဝယ်ယူခဲ့သောဆူခွိုင်းSu33လေယာဉ်ကိုပုံစံပြောင်းကာရှန်ယန်းလေယာဉ်ကော်ပိုရေးရှင်းကဖန်တီးထုတ်လုပ်ထား
ခြင်းဖြစ်ပြီးပြည်တွင်းဖြစ်လက်နက်များကိုတပ်ဆင်ထားကြောင်းသိရသည်။
J-15၏ ပျံသန်းမှုစနစ်များနှင့် လက်နက်တင်ဆောင်မှု စနစ်များသည် များစွာ ကျယ်ပြန့်ကောင်းမွန်ကြောင်း တရုတ်စစ်ဘက်ကကြွေးကြော်ခဲ့ဖူးသည်။J15များကိုတရုတ်ဖြစ်တိုင်ဟန်တာဘိုအင်ဂျင်များဖြင့်တွန်းအားပေး မောင်းနှင်စေခဲ့သည်။ J-15ကို (၂၀၀၉)ခုနှစ်၊ ဩဂုတ်လက စတင်စမ်းသပ် ပျံသန်းပြီးနောက် ယခုအခါ လီအိုနင်း သင်္ဘောကြီး၏ အဓိကပင်တိုင် တိုက်လေယာဉ်အဖြစ် အသုံးပြုရန် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင်မူ စစ်ဆင်ရေးထက် လေယာဉ်များ အမှားအယွင်းမရှိ ချောမွေ့စွာ အဆင်းအတက် ပြုလုပ်ရေး လေ့ကျင့်မှုများကို အသားပေး လေ့ကျင့်နေဆဲ ဖြစ်သည်။ ရေတပ် နောက်တန်းသေနာပတိ ယန်ဇူးက"ရေတပ်ရဲ့အမှတ်အသားဆေးရောင်တွေကိုJ-15မှာရေးခြယ်ပြီးပါပြီ။ခုဆိုရင်တာဝန်ထမ်းဆောင်မှု ကိုလည်း အစပျိုးနိုင်ခဲ့ပြီ။ ပြောရမယ်ဆိုရင် လောလောဆယ် အတည် မပြုသေးပေမယ့် J-15တွေဟာ ရေတပ်ဖွဲ့မှာ တာဝန်စထမ်းနေပြီလို့ ယူဆရပါမယ်"ဟု ဆိုသည်။

၎င်းကJ15တိုက်လေယာဉ်များကိုပမာဏအမြောက်အမြားထုတ်လုပ်သွားမည်ဟုပြောကြားခဲ့သည်။ပထမအသုတ် ထုတ်လုပ်မှုက စတင်နေပါပြီ။ ဒီတိုက်လေယာဉ်တွေရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းကလည်း ကြာရှည်ပါလိမ့်မယ်။J-15တွေရဲ့တည်ဆောက်ပုံဟာအပြောင်းအလဲတွေလုပ်ဆောင်ဖို့အရမ်းလွယ်ကူတယ်။ ရေဒါနဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးစနစ်တွေ၊အင်ဂျင်စနစ်တွေကိုအဆင့်မြှင့်နိုင်အောင် စီစဉ်ထားတယ်။နောက်ထပ်(၁၀)နှစ်၊(၁၅နှစ်လောက်မှာအဆင့်မြှင့်မွမ်းမံမှုတွေထပ်လုပ်ပြီးလေယာဉ်တွေရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်း ကို တိုးမြှင့်နိုင်မှာပါ"ဟုလည်း သေနာပတိယန်က ပြောကြားခဲ့သည်။ ၎င်းက လီအိုနင်းသင်္ဘောကြီး၏ လေယာဉ်တင်ဆောင်နိုင်မှု စွမ်းရည်နှင့်ပတ်သက်ပြီး မေးမြန်းမှုကိုမူ "သင်္ဘောကုန်းပတ်ပေါ်မှာတာဝန်ထမ်းဆောင်နိုင်မယ့်တိုက်လေယာဉ်အရေအတွက်က၃၆စင်းလောက်ရှိပါလိမ့်မယ်"ဟု ဖြေကြားခဲ့သည်။ တရုတ်စစ်တပ်သည် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်သည့် J-15များကို (၁၆)စင်းထိ ထုတ်လုပ်ထားပြီးဖြစ်သည်။

Planet Myanmar Network

No comments: