Thursday, September 05, 2013

တရုတ်ကလေးငယ် မျက်လုံးဖောက်ထုတ်ခံရမှုတွင် အဒေါ်ဖြစ်သူကို တရားခံအဖြစ် ယူဆ


Thursday, 05 September 2013 
တရုတ်နိုင်ငံတွင်ကလေးငယ်တစ်ဦးမျက်လုံးများဖောက်ထုတ်ခြင်းခံရမှုတွင်အဓိကတရားခံသည်ကလေးငယ်၏အဒေါ်ဖြစ်နိုင်ကြောင်းရဲများကမှတ်ချက်ပြုပြောကြားလိုက်သည်။တရုတ်မီဒီယာများကဂူဘင်ဟုအမည်ဖော်ပြသော(၆)နှစ်သားကလေးငယ်သည်ပြီးခဲ့သည့်လကနေအိမ်မှဆော့ကစားရန်ထွက်ခွာသွားပြီးနောက်မျက်လုံးနှစ်
လုံးစလုံးရက်စက်စွာဖောက်ထုတ်မှုနှင့်ကြုံခဲ့ရသည်။ကလေးကမိဘနှစ်ပါးကိုမိမိအားအမျိုးသမီးတစ်ဦးကတိုက်ခိုက်ခဲ့ကြောင်း ပြန်လည် ပြောဆိုခဲ့ပြီးအစောပိုင်းကဂူဘင့်ကိုရက်စက်ကြမ်းတမ်းစွာပြုမူခဲ့သူသည်လူ့ခန္ဓာကိုယ်အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်သူတစ်ဦး၏လက်ချက်ဟုရဲများကယူဆခဲ့ကြသည်။သို့သော်လည်းသောကြာနေ့
ကမူကလေးငယ်၏အဒေါ်ဖြစ်သူဇန်ဟီရင်သည်ရေတွင်းတစ်ခုထဲခုန်ကျသတ်သေသွားပြီးနောက်ပိုင်းယင်းအမှုကိုစုံစမ်းရင်းကလေးအပေါ်အကြမ်းဖက်မှုနှင့်ဆက်နွယ်နိုင်သည့်အထောက်အထားများ တွေ့ရှိလာခဲ့သည်။

Xinhuaသတင်းဌာနကရဲတပ်ဖွဲ့သည်မိမိကိုယ်ကိုယ်သေကြောင်းကြံမှုကိုစုံစမ်းရင်းဇန်၏အဝတ်အစားများတွင် သွေးများ စွန်းပေနေသည်ကို တွေ့ရှိခဲ့ရ၍ဆက်လက်စစ်ဆေးရာကလေးငယ်ထံမှ သွေးများ ဖြစ်နေသည်ကိုတွေ့ရှိခဲ့ရသည်။ ဂူဘင်လေးကိုရှာဖွေတွေ့ရှိချိန်တွင်မျက်လုံးဟောက်ပက် သွေးအလိမ်းလိမ်းနှင့်ရှိနေခဲ့ပြီးယခုအခါတွင်မူ၎င်းသည် ဆေးရုံ၌ အခြေအနေ တည်ငြိမ် ကောင်းမွန်စ ပြုနေပြီဟု သိရသည်။ ရှန်ဇီရှိ ဖန်ဇီတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုသည်ဩဂုတ်လ(၂၄)ရက်နေ့က ပေါ်ပေါက်လာခြင်း ဖြစ်သည်။ကလေးပျောက်၍လိုက်ရှာနေသည့် ဂူဘင်၏ မိဘများသည် သားဖြစ်သူကို ဒုက္ခိတ ဘဝဖြင့် ကြေကွဲဖွယ်ရာ ပြန်လည် တွေ့ရှိခဲ့သည်။

၎င်းသည်အမည်မသိအမျိုးသမီးတစ်ဦး၏ သွေးဆောင်ခေါ်ယူပြီးမှတိုက်ခိုက်မှုနှင့်ကြုံခဲ့ရခြင်းဟုရဲများကသိရှိရသော်လည်း တရားခံကိုလိုက်လံရှာဖွေရာတွင်လူ့ခန္ဓာကိုယ်အစိတ်အပိုင်း မှောင်ခိုဂိုဏ်းများကိုအဓိကဦးတည်ခဲ့ကြသည်။ အထူးသဖြင့်ကလေး၏မျက်လုံးနှစ်လုံးမှာအခင်းဖြစ်ရာ နေရာတွင်ရှိနေခဲ့သော်လည်းမျက်ကြည်လွှာများ ပျောက်
ဆုံးနေခဲ့ခြင်းကြောင့်ယင်းမှောင်ခိုဂိုဏ်းများလက်ချက်ဟုယူဆခဲ့ခြင်းလည်းဖြစ်သည်။သို့သော် နောက်ပိုင်းတွင် အခင်းဖြစ်သည့် နေရာနှင့် မလှမ်းမကမ်း၌ မျက်ကြည်လွှာများကို ပြန်လည် တွေ့ရှိပြီးနောက် အမှုမှာ ပိုမို ရှုပ်ထွေးသွားသည်။

ကလေး၏မိခင်က သေကြောင်းကြံသွားသည့်ညီအစ်မ ဖြစ်သူနှင့်မိသားစုကြားမည်သည့် ပြဿနာမျှမရှိခဲ့ဟုလည်း ဆိုသည်။"အဖိုးကို စောင့်ရှောက်တဲ့ကိစ္စကြောင့်ဇန်နဲ့ကျွန်မတို့ကြားမှာ ငြင်းခုန်ရန်ဖြစ်ခဲ့တယ်လို့တချို့က ပြောဆိုနေတာ ကြားမိတယ်။ဒါပေမဲ့အဲဒါကလိမ်ညာတာသက်သက်ပါပဲ"ဟုသူမကဆိုသည်။ရဲတပ်ဖွဲ့သည်အမှုနှင့်ပတ်သက်သည့် ကွင်းဆက်များကို ဆက်လံ ခြေရာခံ ရှာဖွေနေဆဲ ဖြစ်သည်။

Planet Myanmar Network

No comments: