Thursday, September 05, 2013

တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး


Thursday, 05 September 2013 
Specialized TurboElectric Bikeလို့အမည်ပေးထားတဲ့ စက်ဘီးဖြစ်ပါတယ်။ အမြန်ဆုံးမောင်းနှင်နိုင်မှုအား အဖြစ် တစ်နာရီ ၂၈ မိုင်အထိတောင် မြင့်တင်ထားပါတယ်။

လျှပ်စစ်ဂီယာစက်ဘီးဖြစ်ပြီးတစ်ခါအားသွင်းပြီးရင်မိုင်၃၀လောက်ခရီးကို နှင်းစရာမလိုပဲ မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက၂၅၀ဝပ်အားပါ။FullCharing အတွက် တစ်နာရီဝန်းကျင်လောက်သာ ကြာမြင့်မှာ ဖြစ် ပါတယ်။ စက်ဘီးရဲ့အလေးချိန်က ပေါင်၅၀ရှိပါတယ်။အနောက်က မော်တာက၁၂ ပေါင်လေးလို့ပါ။ မော်တာကလည်း
နောက်ဘီး ကို မောင်းနှင်ခြင်း ဖြစ်ပါတယ်။

ဈေးနှုန်းကတော့အမေရိကန်ဒေါ်လာ၅၉၀၀ဝန်းကျင်မှာရှိပါတယ်။အမေရိကန်မှာထုတ်လုပ်တဲ့စက်ဘီး ဖြစ်ပါတယ်။ အစီးရေလည်း သိပ်များများ စားစားမရှိပါဘူး။ သွားရေးလာရေး ကားကြပ်တည်းတဲ့ မြို့ လမ်းမ တွေမှာ အသုံးပြုလို့ အဆင်ပြေအောင် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham (International news for myanmar)

No comments: