Thursday, September 05, 2013

"ထိုင်ဝမ် မုဆိုးမတစ်ဦးအိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ထောင်ဒဏ် ၂၉၈ နှစ် ကျခံဖွယ်ရာရှိနေ"




Thursday, 05 September 2013

အိမ်ထောင်ရှိအမျိုးသားတစ်ဦးနှင့်ဖောက်ပြန်မှုကြောင့်ထိုင်ဝမ်မုဆိုးမတစ်ဦးသည်သီအိုရီအရထောင်ဒဏ်၂၉၈နှစ်ကျခံရမည့်အခြေအနေဖြစ်ခဲ့ကာထိုအငြင်းပွားဖွယ်ရာအိမ်ထောင်ရေးဖောက်ပြန်မှုဥပဒေကို ပြန်လည် သုံးသပ်ရန် ကြိုးစား နေကြကြောင်း သိရှိရသည်။

အသက်၅၆ နှစ်အရွယ် အိမ် ထောင်မရှိ အမျိုးသမီး တစ်ဦးသည် အိမ်ထောင်ရှိ အိမ်နီးချင်း တစ်ဦးနှင့် ၅ နှစ် တာမျှ ဖောက်ပြန်ခဲ့ကြပြီး ယခုအချိန် တွင် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေကန်ဒေါ်လာ ၂၄၃ဝဝ (ထိုင်ဝမ် ဒေါ်လာ ၇၃ဝဝဝဝ) ပေး ဆောင်ရမည်ဟု တရားရုံး တစ်ရုံးက အမိန့် ချမှတ်ခဲ့သည်ဟု သိရသည်။

၎င်းစုံတွဲသည်များစွာသော မိုတယ်များတွင် ခရီးတို ၈၉၄ ကြိမ် သွားခဲ့သည်ဟု ဝန်ခံ ပြောဆိုခဲ့သောကြောင့် ထိုင်ဝမ်ဥပဒေအရဖောက်ပြန်မှု တစ်ကြိမ်လျှင် ၄ လ ထောင်ဒဏ် ချမှတ်နိုင်ပြီး သီအိုရီ အရ ထောင်ဒဏ် ၂၉၈နှစ်ချမှတ်နိုင်သော်လည်းဗဟိုချန်းဟွခရိုင်တရားရုံးမှတရားသူကြီးများက လျှော့ပေါ့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၅ဝ အရွယ် ဖောက်ပြန်သူ အမျိုးသားကိုမူ ၄င်း၏ ဇနီးသည် ကခွင့်လွှတ် ပေးရန် စဉ်းစားခဲ့ပြီး တရား စွဲဆိုမှုကို ရုပ်သိမ်း ခဲ့သောကြောင့် ပြစ်ဒဏ်မှ လွတ်ကင်း သက်သာမှု ရရှိခဲ့သည်။

ယင်းဖြစ်စဉ်ကအိမ်ထောင်ရေးဖောက်ပြန်မှုကိုရာဇဝတ်မှုဟု သတ်မှတ်ခြင်း မှ ပယ်ဖျက်ပေးရန် တောင်းဆိုမှု များကို ဖြစ်စေခဲ့သည်။

အိမ်ထောင်ရေးဖောက်ပြန်မှုကိုရာဇဝတ်မှုဟုသတ်မှတ်သည့်အာရှနိုင်ငံအချို့တွင် ထိုင်ဝမ် ပါရှိပြီး ယခုကဲ့သို့ ကိစ္စတွင်အမျိုးသမီးကသာပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် အကြောင်းရင်း ကို မေးခွန်းထုတ်မှုများ ရှိလာသည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်းမှ ပယ်ဖျက်ရန် လူထု စစ်တမ်း ကောက်ခံမှု တစ်ခုအားထိုင်ဝမ်တရားရေးဌာနကကျင်းပခဲ့ရာ၇၇ဒသမ၃ရာခိုင်နှုန်းက ”မပယ်ဖျက်ရန်” ဆန္ဒပြုခဲ့ကြသည်။

Ref: Oneline news:Asia

No comments: