Monday, September 9, 2013
အမေရိကန်ရေတပ်၏အကြီးစားမောင်းသူမဲ့ကင်းထောက်လေယာဉ်အုပ်သည်လုပ်ငန်းတာဝန်များပိုမိုတိုးမြှင့် ထမ်းဆောင်လျက်ရှိကြောင်းစက်တင်ဘာ၆ရက်တွင်ပင်တဂွန်စစ်ဌာနချုပ်ကထုတ်ပြန်ကြေညာခဲ့သည်ဟုအင်တာနက်သတင်းတစ်ရပ်အရသိရသည်။အမေရိကန်နိုင်ငံရှိNorthropGrummanလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည်အမေရိကန်ရေတပ်၏ပင်လယ်ရေကြောင်းရှာဖွေထောက်လှမ်းရေးသရုပ်ပြလေယာဉ်(BAMSDဟုလူသိများသောGlobalHawksအုပ်စုဝင်RQ4Aအမျိုးအစားလေယာဉ်နှစ်စင်းကိုစစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအဆင့်မြှင့်တင်သွားရန်အတွက်အမေရိကန်ဒေါ်လာ၁၀သန်းတန်ရှကန်ထရိုက် တစ်ရပ်ကို လက်ခံ ရရှိခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာနက ပြောကြားခဲ့သည်။
အဆိုပါ ကန်ထရိုက် စာချုပ်အရ ၂၀၁၄ ခုနှစ် မေလတွင် အပြီးဆောင်
ရွက် ပေးရမည် ဖြစ်ပြီး ထိုသို့အဆင့် မြှင့်တင်ခြင်းဖြင့် BAMS-D
မောင်းသူမဲ့ လေယာဉ်များသည် ကိုးလကြာ မစ်ရှင် ထမ်းဆောင် နိုင်ရာမှ ၁၅ လကြာအထိ တိုးမြှင့်ထမ်းဆောင် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် ရေတပ် အနေဖြင့် အဆိုပါ BAMS-D မောင်းသူမဲ့ လေယာဉ်
များကို လေ့ကျင့်မှုနှင့် စမ်းသပ်မှု လုပ်ငန်းများတွင် အထောက်အကူ
ပေးရေးနှင့် ပင်လယ်ပြင် အခြေစိုက် တပ်ဖွဲ့များ တပ်ဖြန့် ချထားမှု အတွက် ထောက်လှမ်းရေး သတင်း အချက် အလက်များ စုဆောင်းရန် ၂၀၀၉ ခုနှစ် ကတည်းက စတင်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်များသည် အမြင့်ပျံ လေယာဉ်အမျိုးအစား ဖြစ်ပြီး တောင်ပံ
အလျား ၁၁၆ ပေရှိကာ လေထဲတွင် နာရီပေါင်း ၃၀ ကျော်ကြာအောင် ပျံသန်းနိုင်ကြောင်း သိရသည်။
အမေရိကန် ရေတပ်သည် Global Hawks အုပ်စုဝင် MQ-4C Triton အမျိုးအစား မောင်းသူမဲ့ လေယာဉ်ကိုလည်း အဆင့် မြှင့်တင်လျက် ရှိပြီး အဆိုပါ လေယာဉ် ၆၈ စင်းကို ၀ယ်ယူရန် အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment