Monday, September 9, 2013
ရုရှားရေတပ်ဖွဲ့သည်ဆီးရီးယားနိုင်ငံအနီးမြေထဲပင်လယ်အရှေ့ခြမ်းသို့စစ်သင်္ဘောလေးစင်းစေလွှတ်ခဲ့ကြောင်းInterfaxသတင်းအေဂျင်စီကစက်တင်ဘာ၇ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။အမေရိကန်နိုင်ငံအနေဖြင့်ဆီးရီးယားနိုင်ငံကိုတိုက်ခိုက်လာပါကဆီးရီးယားနိုင်ငံမှရုရှားနိုင်ငံသားများကိုရွှေ့ပြောင်းနိုင်စေရန်ရည်၍မြေထဲပင်လယ်တွင်၎င်း၏ရေတပ်ဖြန့်ကြက်တည်ရှိမှုကိုတိုးမြှင့်လျက်ရှိကြောင်းရုရှားအစိုးရအဆင့်မြင့်တာဝန်ရှိသူဆာဂျီအိုင်ဗန်နော့ဗ်ကထုတ်ဖော်ပြောကြားခဲ့သော်လည်းအဆိုပါမြေထဲပင်လယ်ဒေသသို့စစ်သင်္ဘောအရအတွက်မည်မျှစေလွှတ်ထားသည်ဆိုသည်ကိုထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။
ရုရှားရေတပ်၏ကမ်းထိုးတိုက်ခိုက်ရေး စစ်သင်္ဘော နှစ်စင်းနှင့် ကင်းထောက် စစ်သင်္ဘော တစ်စင်းတို့သည် တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့ Bosporusဆိပ်ကမ်းမှတစ်ဆင့်စက်တင်ဘာ၅ ရက်တွင် ဆက်လက်
ထွက်ခွာ သွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် Dar-danelles ရေလက်ကြား
ကို ဖြတ်ကျော်သွားပြီ ဖြစ်ကြောင်း Interfaxသတင်းအေဂျင်စီကပြောကြားခဲ့သည်။
အခြားကမ်းထိုးရေယာဉ် တစ်စင်းသည်လည်း စက်တင်ဘာ ၆ ရက်တွင်ပင်လယ်နက်အတွင်းရှိ Sevastopol ဆိပ်ကမ်းမှ မြေထဲပင်လယ် အရှေ့ပိုင်းသို့ ဦးတည်ထွက်ခွာ သွားခဲ့ကြောင်းနှင့် မြေထဲပင်လယ် အရှေ့ပိုင်းသို့ မရောက်မီ Novorossiysk မြို့ ဆိပ်ကမ်းတွင် အထူး ကုန်ပစ္စည်းများ တင်ဆောင်ဦးမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment