Monday, September 09, 2013

ရွှေဝါရောင်တော်လှန်ရေး ခြောက်နှစ်ပြည့် ကျင်းပမည်


 Monday, September 9, 2013 
ရွှေဝါရောင်တော်လှန်ရေးအဖြစ်လူသိများသည့်စက်တင်ဘာသံဃာထုလှုပ်ရှားမှုအထိမ်းအမှတ်၆နှစ်ပြည့်အခမ်းအနားကိုစက်တင်ဘာလ၁၈ရက်နေ့တွင်ကြည့်မြင်တိုင်မြို့နယ်သာဓုကျောင်းတိုက်၌ကျင်းပမည်ဖြစ်ကြောင်းအခမ်းအနားဖြစ်မြောက်ရေးနာယကငွေကြာယံကျောင်းတိုက်ဆရာတော်ဦးဇာနေယျကTheVoiceသို့မိန့်ကြားသည်။အဆိုပါအခမ်းအနားကိုငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့တက်ရောက်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျာပြောကြားမည်ဖြစ်ကြောင်း၎င်းကမိန့်ဆိုသည်။


 ယင်းအခမ်းအနားတွင် တရားဥပဒေ၏ အားနည်းချက်များကို ပြန်လည် ပြင်ဆင်ပေးရန် မေတ္တာရပ်ခံစာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရွှေတောင် ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍိတက မိန့်ကြားသည်။ “သံဃာတော်တွေ နိုင်ငံရေးလှုပ်ရှားလို့ဆိုပြီး သွေးမြေကျခဲ့တဲ့ နေ့ဆိုတာ မေ့ထားလို့ မရပါဘူး” ဟု ၎င်းကဆိုသည်။ မန္တလေးမြို့နှင့် ချောက်မြို့တို့တွင်လည်း ရွှေဝါရောင် တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။ နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုများကို အစိုးရက တာဝန်ယူ ဖြေရှင်းရန် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များက ပတ္တနိကုဇ္ဇန ကံဆောင် မှုနှင့် မေတ္တာပို့ လမ်းလျှောက်ခြင်းကို တပ်မတော်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် သံဃာတော်များ သွေးမြေကျခဲ့ရသည်။

 (ဟိန်းသွင်ထက်) 
The Voice Weekly

No comments: