Monday, September 09, 2013

အိန္ဒိယနှင့် ပြင်သစ်Shakti-2013 ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်


 Monday, September 9, 2013 
အိန္ဒိယနှင့်ပြင်သစ်နှစ်နိုင်ငံစစ်ဘက်များအကြားဆက်ဆံရေး ပိုမိုတိုးမြှင့် သွားရန် ကြိုးပမ်း အားထုတ်မှုအဖြစ် Shakti-2013 အမည်ရှိ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို စက်တင်ဘာ ၉ရက်မှ ၂ဝ ရက်ထိ ပြင်သစ်နိုင်ငံFrenchAlpsဒေသရှိGrenobleမြို့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းအင်တာနက်သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ရန်အတွက်ဒုတိယအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစစ်ရေးလေ့ကျင့်ခန်းအတွင်းအိန္ဒိယနိုင်ငံJaipurအခြေစိုက်အနောက်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်၊Kumaonတပ်ရင်းကြီးမှအမှတ်(၅) တပ်ရင်းနှင့် ပြင်သစ်စစ်ဘက်မှအမှတ်၂၇တောင်ပေါ်စစ်ဆင်ရေးတပ်မဟာရှိတပ်ဖွဲ့များအပါအဝင်နှစ်နိုင်ငံမှတပ်ဖွဲ့ဝင်ပေါင်း၆ဝခန့် ပါဝင်လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းစစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံအကြား ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်နှိမ်နင်းရေးများကိုအလေးထားဆောင်ရွက်သွား မည် ဖြစ်ပြီး မြင့်မား သော တောင်ပေါ်ဒေသများတွင် တပ်စုအဆင့် တန်ပြန်သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင် ရေးများ ပူးတွဲလေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 ထို့အပြင် ၎င်းစစ်ရေး လေ့ကျင့်ခန်းကို နှစ်နိုင်ငံ စစ်ဘက်များအကြား လုပ်ထုံး လုပ်နည်းဆိုင်ရာ အသိပညာများ တိုးတက်စေရန်၊ ကဏ္ဍစုံမှ ခြိမ်းခြောက်လာနိုင်မှုကို အကောင်းဆုံး တုံ့ပြန်နိုင် စေရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များ တိုးမြှင့်ရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။  

မြ၀တီ

No comments: