Tuesday, September 03, 2013

" အနုပညာလုပ်ခွင့် (၃)လ ပိတ်ခဲ့ခြင်းအပေါ်ဒါရိုက်တာညွန့် မြန်မာ ညီညီအောင်ရဲ့ခံစားချက်များ "


Tuesday, September 3, 2013


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒါရိုက်တာညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ခွင့်(၃)လပိတ်ခဲ့ခြင်း နဲ့ ပတ်သက်ပြီး ဖြစ်ကြောင်းစုံလင်ကို သိနိုင်ရေးအတွက်ဆက်သွယ် မေးမြန်းခဲ့ရာ ဒါရိုက်တာညွန့် မြန်မာညီညီအောင်က သူ့ရဲ့ သဘောထားအမြင်များကို အခု လိုပြောကြားခဲ့ပါတယ်။


" လွန်ခဲ့တဲ့ ၇နှစ် လောက် က ကျွန်တော်ရိုက်ဖူးတဲ့ ဇာတ် ကားလေးက ကျွန်တော့်လက်ထဲမှာ ဇာတ်ညွှန်း လည်း အဆင်သင့်ရှိနေတယ်။ အဲဒီ တုန်းကတော့ ဇာတ်ညွှန်းရေး ပေးတဲ့ ဦးသူရကို ကျွန်တော် အဆက် အသွယ်လုပ်တော့ ကျွန်တော်အရင်ကသိတဲ့ ဖုန်း နံပါတ် မဟုတ်တော့ဘူး။ အဲဒီ တော့ ကျွန်တော့်စိတ်ထဲမှာ ပေါ့ လျော့မိသွားတာက ဒီဟာသည် ကျွန်တော်အရင်တုန်းက ရိုက် ခဲ့ဖူးတဲ့ ဇာတ်လမ်း၊ နောက်ပြီးတော့ ဇာတ်လမ်းကလည်း ဦးသူရရဲ့ ဇာတ်လမ်းဆိုတော့ သိပ်ပြဿနာ မရှိလောက်ဘူး ဆိုပြီးတော့ သေသေချာချာ အဆက်အသွယ်မလုပ်မိလိုက် တာက ကျွန်တော့်ရဲ့ ပေါ့လျော့မှုဖြစ်ပြီးတော့ရိုက်နေတဲ့အချိန်မှာပဲ အဲဒီဇာတ် ကားလေးကို တစ်ဖက်ကုမ္ပဏီတစ်ခုကနေပြီးတော့ အကြောင်းကြားတယ်။ ဒီဇာတ်လမ်းကို သူတို့ကုမ္ပဏီက ရိုက်ထားတယ်ဆိုပြီး ပြောတယ်။

အဲဒါနဲ့ ဦးသူရရဲ့ဖုန်းကို မရ၊ရအောင်ရှာတော့ ဦးအရိုင်း ဆီကနေပြီးရတယ်။ အဲဒါနဲ့ ဦးသူရနဲ့ ကျွန်တော်ပြော ပြတယ်။ ကျွန်တော်အရင်တုန်းက ရိုက်ခဲ့တာကိုပဲ ပြန်ရိုက်တယ်။ ဒါပေမဲ့ ရှေ့မှာ သူတို့ကလည်း ဒီဇာတ်လမ်း ကိုရိုက်ထားတယ် လို့ ပြောတယ်လို့ပြောပြလိုက် တယ်။ အဲဒါနဲ့ ကိုသူရက ကိုညီ လုပ်စရာရှိတာဆက်လုပ်ပါ။ မူရင်းပိုင်ရှင်နဲ့ သူပြောလိုက် မယ်လို့ပြောတယ်။ အဲဒါနဲ့ ကျွန် တော်လည်း ပြီးအောင်ဆက်ပြီး ရိုက်လိုက် တယ်။ နောက်ပိုင်းကျ တော့ ပြဿနာတက်လာတယ်။ ဟိုဖက်ရိုက်တဲ့ကုမ္ပဏီက ဒီဇာတ် လမ်းနဲ့ ပတ်သက် ပြီး ပြဿနာတက်လာတယ်။ ကျွန်တော်ရိုက်တဲ့ ကုမ္ပဏီက ဆင်ဆာတင်တဲ့ အချိန်မှာ ဟိုကုမ္ပဏီကျတော့ သူတို့အရင်ရိုက်တဲ့အတွက် ဆင်ဆာတင်ပြီးပြီ။

ကျွန်တော် ရိုက်တဲ့ကုမ္ပဏီကဆင်ဆာသွား တင်တော့ ရုပ်ရှင်အစည်းအရုံး က စကြည့်ရှုခွင့်တင်လို့မရဘူး။ ပိတ်ထားတယ်။ အဲဒီမှာ ကျွန် တော်က ဦးသူရကိုလည်းပြောတယ်။ထပ်ပြီးတော့လည်း တောင်းပန်စာရေး ထားတယ်။ ရုပ်ရှင် အစည်းအရုံးကိုဖြစ်စဉ်နဲ့ ပတ် သက်ပြီးအကြောင်းအရာတွေကို ပြောပြတယ်။ ကျွန်တော် က ဇာတ်လမ်းကို ကြိုတင်ကြံစည် ပြီးတော့ ရိုက်ဖို့ရည်ရွယ်ထားတာမဟုတ်ပါဘူး။ ကျွန်တော့် မှာဇာတ်ညွှန်း အဆင် သင့်ရှိနေ တဲ့အတွက်ကြောင့် ကျွန်တော် ရိုက်ဖြစ်သွားတာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ပေါ့လျော့မှုကြောင့် အမှားတစ်ခုဖြစ်သွားတယ်။ တကယ်လို့ ကျွန်တော်မှားတယ် ဆိုရင် ဒီအမှားက ကျွန်တော့် ကြောင့်ဖြစ်တဲ့ အမှားဖြစ် တဲ့ အတွက် ကြောင့် ကုမ္ပဏီနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော့်ကို အပြစ်ပေးမယ်ဆိုရင်လည်း ကျွန်တော်ခံပါမယ်။ ဒီကိစ္စကြီးကို ရုပ်ရှင်အစည်းအရုံးကနေ ပြီးတော့ ကြားဝင်ပြီးတော့ ပြန် ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံတယ်။

စာရေးပြီးတင်ပါတယ်။ ရုပ်ရှင်အစည်းအရုံးကို မေတ္တာရပ်ခံပေးဖို့ တောင်းဆို ရတဲ့ အကြောင်းရင်းက ကျွန်တော်တို့က ရုပ်ရှင်အစည်းအရုံးကို အနု ပညာလောကသားတစ် ယောက်အနေနဲ့ အားကိုးရတဲ့ အစည်းအရုံးတစ်ခုဖြစ်တယ်။ ကျွန်တော်တစ်ခါမှလည်း ဘယ် သူကိုမှ မစော်ကားခဲ့ဖူးဘူး။ ဒီလိုကိစ္စကြီးဖြစ် လာတဲ့အခါမှာ လည်း ကျွန်တော်အရမ်းကို တုန်လှုပ်သွားခဲ့တယ်။ တစ်ခါမှ မဖြစ်ခဲ့ဘူးတဲ့ကိစ္စဖြစ်တဲ့ အတွက် ထုတ်လုပ်ရေး ဘက်ကလည်း ဒီ ဇာတ်ကားကို ဆင်ဆာတင်လို့မရတာ ကျွန်တော်ကြောင့်လို့ တွေးတာလည်း သူတို့မှန်ပါတယ်။

ကျွန်တော့်ကြောင့်ဖြစ်နေ တာလေ။ ဝတ္ထုကသူတို့ဝယ်တာ မဟုတ်ဘူး။ကျွန်တော်ဝယ်တာလေ။ ကျွန်တော့် တာဝန်အပြည့်အဝရှိတယ်။ ကျွန်တော့်အနေ နဲ့ကတော့ စာတင်ထားတာပဲရှိတယ်။ ဒီကိစ္စကိုဘယ်လိုလုပ် ပေးမှာလဲဆိုပြီးသွား ပြောပိုင်ခွင့်မရှိဘူး။ ကျွန်တော်ကတော့ အားလုံးကိုတောင်းပန်စာရေးပြီးတောင်းပန်ဖြစ် တယ်။ ကျွန်တော်မျှော်လင့်တာက ရုပ်ရှင်အစည်းအရုံးက ကျွန်တော့်ကို ခေါ်၊ဟိုဘက်က တိုင်တဲ့သူတွေကို လည်းခေါ်မယ်။ နှစ်ဖက်ညှိ ပြီး ကျွန်တော့်ကိုလည်း မင်းဒီ လိုလုပ်တာမှားတယ်။ နောက် ဒါမျိုးမဖြစ်စေနဲ့လို့ ဖြစ်စေချင်တာပါ။ ကျွန်တော်တောင်း ပန်စာထဲမှာလည်း ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ နောင်လည်း ဒီလို မျိုး ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူးလို့ ကတိလည်းပေးထားတယ်။ ဒီလိုမျိုး ပြည့်ပြည့် စုံစုံထည့်ပေးထား တယ်။

ကျွန် တော့်အနေနဲ့က တော့ ပြေပြေလည်လည်လေး ပဲဖြစ်စေ ချင်ပါတယ်။ အဲဒီလို လည်း မျှော်လင့်ပါတယ်။ ကျွန် တော်အခုလ ၂၇ရက်နေ့မှာ လည်း ကျွန်တော် ကားရိုက်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ရိုက်ခွင့် မပေးခဲ့ရင်လည်း ကျွန်တော်မရိုက်ပါဘူး။အခုဖြစ်တဲ့ကိစ္စမှာ ကိုလူမင်းပဲ ပုဂ္ဂိုလ်ရေးအရငြိမ်းချမ်းရေးပွဲမှာတွေ့ ပါတယ်။ ကျွန်တော်ရယ်၊ ကိုသူရရယ်၊ ကိုလူမင်းရယ် သုံးယောက်တွေ့ပါတယ်။အေး အေးဆေးဆေးစကား ပြောဖြစ်ကြတယ်။ ၈၈နှစ်ပတ်လည်ပြီးတာနဲ့ ဒီကိစ္စကို လုပ်လိုက်မယ်။ ဒါကပြဿနာအကြီးကြီး မဟုတ်ဘူး။ အရင်ကလည်း ခင်နေတဲ့ မိတ်ဆွေတွေပဲလေ။ ကိုလူမင်း က ဝင်ပြီးတော့ တွေ့ဖို့လုပ်ပေးတယ်ဆိုတော့ဒီကိစ္စ ကိုပြေလည် ပြီပေါ့နော်။ အဲဒီလိုပဲ သတ်မှတ် ထားတယ်။နောက်တော့ ကျွန် တော်ကို ပိတ်တယ်လို့ စာထွက် လာတယ်။

ကျွန်တော်က တော့ သိပ်ပြီးမပြောပါဘူး။ နှစ်ရက် လောက်နေတော့ ကိုလူမင်းက ဖုန်းဆက်လာတယ် ဒီကိစ္စ ဖြစ်သွားတာ ကိုလူမင်း လုံးဝမသိလိုက်ဘူးဆိုပြီး ပြောတယ်။ မသိဘူးဆိုတာကလည်း သူရန်ကုန်မှာမရှိလိုက် ဘူး။ ဒီမှာရှိတဲ့ တစ်ယောက်က လက်မှတ်ထိုး ခိုင်းတယ်။ တစ်ယောက်လက် မှတ်ထိုးတယ် ပြီးတော့စာထုတ် လိုက်တယ်။ တကယ်လည်း စိတ်မကောင်း ဖြစ်မိတယ်။ လူ ဆိုတာကတော့ ပုထုစဉ်ဖြစ်တဲ့ အတွက်အမှားက တော့ရှိတတ်ကြတာပါပဲ။ ကျွန်တော့်ရဲ့ ပေါ့ လျောမှုဆိုတာလည်း ဝန်ခံထားပြီးပြီ ကျွန်တော့်အနေနဲ့ ကတော့ အဆင်ပြေပြေပဲဖြစ်ချင် တဲ့ဆန္ဒပဲရှိပါတယ်။

စိတ်တော့ မကောင်းဖြစ်မိတယ်။ ရုပ်ရှင် အစည်းအရုံးဆိုတာက ကျွန်တော် တို့ရဲ့ အခက်အခဲတွေ အတား အဆီးတွေကိုဖြေရှင်းပေးတဲ့နေ ရာဖြစ်တဲ့အတွက်လည်း အား ကိုးစရာတစ်ခုလို့ သတ်မှတ်ထားတယ်။ အခုကိစ္စမှာလည်း ကျွန် တော်ကအားလုံးကို ဘယ်လို စိတ်မှမထားပါဘူး။ ပြေပြေလည်လည်ပဲဖြစ်စေ ချင်တယ်။

နှစ်ဖက်စလုံးကိုပဲ ဖြေရှင်းညှိ နှိုင်းစေချင်တယ်။ ကျွန်တော်က တော့ ရိုးသားစွာနဲ့ ကျွန်တော့်ရဲ့ အမှားကို ဝန်ခံ တာပဲရှိတာပါ။ ကျွန်တော်ကိုတကယ်လို့ မကျေ နပ်ရင် အပြစ်ပေးပါ။ ဒီဘက်က ကျွန်တော်ကိုရိုက်တဲ့ ကုမ္ပဏီ နဲ့ တော့မသက်ဆိုင်ပါဘူး။ သို့သော်ငြားလည်း ရုပ်ရှင်အစည်း အရုံးအနေနဲ့ ကူညီဖြေရှင်းပေးမယ်လို့ အားကိုး ပါတယ်"လို့ ရှင်းလင်းပြောခဲ့ပါတယ်။

လွင်လွင်ထွန်း
Popular Journala

No comments: