Tuesday, September 03, 2013

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ကချင်မျိုးနွယ်စုဝင် ရ၀မ်၊ လီဆူးတိုင်းရင်းသားရေးရာဝန်ကြီးများမရှိသင့် ကြောင်းအဆို ၀န်ကြီးများ သဘောမတူ


Tuesday, September 3, 2013


လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ကချင်မျိုးနွယ်စုဝင် ရ၀မ်၊ လီဆူးတိုင်းရင်းသားရေးရာ ၀န်ကြီးများ မရှိ သင့်ကြောင်းအဆိုကို အဆိုပါ ၀န်ကြီးများက သဘောမတူကြောင်း သီးခြားတွေ့ဆုံ မှုတွင် ပြောကြားသည်။

ရ၀မ်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဂွမ်းရိန်ဒီးက ''ကျွန်တော်က သဘောမတူဘူး။ ကချင်ပြည်နယ်အရေး ဖြစ်သည့်အတွက် ကချင်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အောက်ခြေမှာ အရင်တွေ့ သင့်တယ်။ မျိုးနွယ်စု တွေက စုစည်းဆန္ဒယူသင့်တယ်။ ဒီလိုဆိုရင် မျိုးနွယ်စု အဓိပ္ပာယ်ကို ပြန်ရှာသင့်ပြီ။ စကား၊ စာပေ၊ ဒေသတွေ က တူကြတာ မဟုတ်ဘူးလေ။ ကချင်မျိုးနွယ်စု အောက်က ခွဲထွက်နေကြတာ မဟုတ်ဘူးလေ။ ဒီလိုလုပ်ရင် အောက်ခြေမှာ မပြေလည်မှုတွေဖြစ်လာမှာ စိုးရတယ်။ ရ၀မ်၊ လီဆူးတိုင်းရင်းသား ၀န်ကြီးတွေအပြင်တခြား တိုင်းရင်းသား ၀န်ကြီးတွေလည်း ရှိသင့်တာပဲ။ ရှိအောင်လည်း ကြိုးစားနေပါတယ်'' ဟု ဆိုသည်။


ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ဒွဲဘူက ''ဒီကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီလို့ ဒီအကြောင်းကို ဖွဲ့စည်း ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြခဲ့ပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၁ (ဂ)မှာ ပြည်နယ်ရရှိ ထားတဲ့ လူမျိုးတွေ တိုင်းရင်းသားရေးရာဝန်ကြီးထားရမယ်လို့ မပါဘူး။ လီဆူး၊ ရ၀မ်ကို ရေးရာဝန်ကြီး ပေးလိုက်တော့ ကချင်အုပ်စုထဲက ခွဲထွက်သွားသလို ဖြစ်စေတယ်။ မျိုးနွယ်ရဲ့ စုစည်းမှုလည်း ပျက်စေတယ်'' ဟု ဆိုသည်။

တိုင်းရင်းသားရေးရာ ၀န်ကြီးထားရှိခြင်း၊ မရှိခြင်းမှာ တိုင်းရင်းသား တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး ပြည်နယ်တွင်းမှာ တိုင်းရင်းသားအားလုံး ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း လီဆူးတိုင်း ရင်းသားရေးရာဝန်ကြီး ဦးအားဆီက ဆိုသည်။

eleven media group

No comments: