Thursday, 05 September 2013
အမေရိကန်နိုင်ငံကလူငယ်အများစုမှာအကြွေးတင်ခြင်းနှုန်းမြင့်တက်နေပြီးသွေးတိုးရောဂါအပြင်အခြားကျန်းမာရေး ထိခိုက်မှုတွေကို ပါ ကြုံတွေ့နေရတယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ငွေ ရေးကြေးရေးဆိုင်ရာ ပြဿနာတွေဟာသွေးတိုးရောဂါနဲ့နှလုံးရောဂါ တွေနဲ့ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
သုတေသနခေါင်းဆောင်Dr.ElizabethSweetကအခုလေ့လာမှုကို၁၉၈၀ခုနှစ်များကတည်းက ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ အသက်၂၄နှစ်မှ၃၂အတွင်းလူရွယ်၈၄၀ဝကိုလေ့လာနိုင်ခဲ့ပြီးယင်းတို့ရဲ့စိတ်ပိုင်း၊ရုပ်ပိုင်းအထွေထွေကျန်းမာရေးနဲ့အကြွေးတင်ခြင်းကြားကဆက်စပ် နေမှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။
လေ့လာမှုမှာ ပါဝင်သူများရဲ့ ၂၀%ဟာ အကြွေးနဲ့နပန်းလုံးနေရပြီး စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းများကို ပြင်း ထန်စွာခံစားနေရပါတယ်။သူတို့ကို ကျန်းမာရေးစစ်ဆေးလိုက်တဲ့အခါမှာလည်း အောက်သွေးလို့ခေါ်တဲ့ diastolic BP ဟာ မြင့်တက်နေတာကို တွေ့ခဲ့ရပါတယ်။အကြွေးမကင်းတဲ့လူငယ်တွေမှာ သွေးတိုးရောဂါကို နာတာရှည်ခံစားရနိုင်ချေ ၁၅% ရှိနေပြီး လေဖြတ်ဖို့ကိုတော့ ၁၇% ပိုမိုခံစားရနိုင်တယ်လို့ အခုလေ့လာမှုမှာ တင်ပြထားပါတယ်။
ဒီသုတေသနမှာတစ်ဦးချင်းစီရဲ့အကြွေးကို မေးခွန်းမေးမြန်းခြင်း၊ဘဏ်ကတ်များကိုပါဝင်သူရဲ့ခွင့်ပြုချက်အရ လေ့လာခြင်းများ ပြုလုပ်ခဲ့ ပါတယ်။စိတ်ဖိစီးမှု၊စိတ်ကျခြင်းများကိုကြာရှည်ခံစားရမှုကလည်းအကြွေးတင်နေသူများကိုစိတ်ကျန်းမာရေး ပြဿနာတွေ ပိုကြုံတွေ့ရစေ တယ်လို့ ထပ်မံဖော်ပြထားပါတယ်။
ဒီလေ့လာမှုကို ဩဂုတ်လထုတ် Journal of Social ScienceandMedicineမှာဖော်ပြထားတာ ဖြစ်ပါတယ်။
ငြိမ်းအေး
ref;ANI
Health Updates Journal

No comments:
Post a Comment