Thursday, 05 September 2013
၁.အစားအသောက်အလေ့အထကိုပြောင်းပါ။အိပ်ခါနီးမှညစာစားခြင်း၊ချက်ပြုတ်နေစဉ် တမြုံ့မြုံ့ဝါးနေ ခြင်း၊ သားသမီးများ၏လက်ကျန် အစားအစာများကို နှမြောပြီး စား ခြင်းစသောအကျင့်များကို ဖျောက်ပစ်ပါ။
၂.အစားအသောက်အစီအစဉ်ပြောင်းပါ။ကျန်းမာရေးနှင့်မညီညွှတ်သောအစားအစာများကိုမစားဘဲ healthy
ဖြစ်စေသောအစားအစာကိုသာ စားပါ။
၃.အစာစားပြီးမှဈေးဝယ်ပါ။ဆာနေတဲ့အချိန်ဈေးဝယ်လျှင်အများကြီးဝယ်မိတတ်သည်။ထို့ကြောင့်ဆာနေတဲ့အချိန် ဈေးမဝယ် ဘဲ အစာစားပြီးမှ ဈေးဝယ်ပါ။ မိမိစာရင်းလုပ်ထားသော list ထက်ပို မဝယ်ပါနှင့်။
၎.ပုံမှန်စားပါ။စားသောက်သောအကြိမ် ရေကို သတ်မှတ်ပြီး စားနေကျအ ချိန်မှာ ပုံမှန်စားပါ။ ၄င်းအကျင့်ကို အမြဲတမ်းပုံမှန်လုပ်ပါ။
၅. သတ်မှတ်ထားသောပန်းကန်နှင့် ထိုင်စားပါ။စားပွဲတွင်ထိုင်ပြီး သတ် မှတ်ထားသောပန်းကန်နှင့်စားခြင်း အားဖြင့် ပမာဏများများစားခြင်းကို ရှောင်လွှဲစေသည်။
၆.စားစရာအပိုထပ်မယူပါနှင့်။စားနေကျပန်းကန်နှင့်စား ပြီး နောက်ထပ်အပိုထပ်မစားမိပါစေ နှင့်။
၇.အရသာခံပြီး ဖြည်းဖြည်းစား၊ ဖြည်း ဖြည်းဝါးပါ။အရသာခံပြီး ဖြည်းဖြည်းစား ဖြည်းဖြည်းဝါးကာ ရေများများသောက် ပေးပါ။
၈.dinnerစားပြီးခါမှထပ်မစားပါနှင့်တော့။အကယ်၍dinnerစားတတ်ပါကစားပြီးသည်နှင့်သွားတိုက်လိုက်ပါ။
နောက်ထပ် ဘာမှမစားပါနှင့်တော့။
၉.Snackစားလျှင်mini mealကိုရွေးပါ။တစ်ရက်တာအတွင်းSnackစားတတ်ရင်mini- meal snack ကိုသာ စားပါ။
၁၀. မနက်စာကို ဖြစ်အောင် စားပါ။မနက်စာသည် အရေးကြီး ဆုံးအစာဖြစ်သည်။ တစ်ညလုံး အိပ်ပြီးသော
အခါလိုအပ်သောဇီဝကမ္မဖြစ်စဉ်နှင့်energyအတွက်မနက်စာသည်မစားမဖြစ်စားရန်လိုအပ်သောအရေးကြီးဆုံးအစာဖြစ်သည်။
ဝင်းအိ
Health Updates Journal

No comments:
Post a Comment