Thursday, September 05, 2013

သွေးပေါင်ကျစေရန် ဆောင်ရွက် နိုင်မည့်အလေ့အထများ


Thursday, 05 September 2013

၁. over weight ဖြစ်နေလျှင် weight ချပါ။Weight တက်သည်နှင့် သွေးပေါင်တက်တတ်သည်။ Model တစ်ယောက်ကဲ့သို့ ပိန်ရန်မလိုသော်လည်း weight ကျသည်နှင့်သွေးပေါင်ကျသွားလိမ့်မည်။

၂.ဥာဏ်နှင့်ယှဉ်ပြီး စားပါ။သစ်သီး၊ဟင်းသီးဟင်းရွက်၊အဆီနည်းအောင် လုပ်ထားသော နို့ ၊အဆီ
နည်းသောအစားအစာများကသွေးပေါင်ကိုကျစေပြီးပြည့်ဝဆီနှင့်cholesterolတက်စေသောအစာများက သွေးပေါင်ကို တက်စေသည်။

၃.အငန်လျော့စားပါ။ဆားကိုအပေါ့စားခြင်းသည် သွေးပေါင်ကိုကျစေသည်။အသင့်ဖြစ်အစားအစာများဖြစ်သော အာလူးကြော်၊ငါးမုန့်ကြော်နှင့် freezer ထဲတွင်ထားသောအစားအစာများထက် Fresh food ကို စားခြင်းက သွေးပေါင်ကို ကျစေ သည်။

၎.အရက်သောက်တတ်ပါက လျော့ သောက်ပါ။ယောကျာ်းများသည်အများဆုံးအရက်၂ခွက်သာသောက်သင့်ပြီး မိန်းမများသည် အများ ဆုံးအရက် ၁ခွက်သာသောက်သင့်သည်။အရက်များများသောက်ပါက သွေးပေါင်ကို တက်စေပါသည်။

၅.ဆေးလိပ်မသောက်ပါနှင့်။သွေးပေါင်တက်လျှင်နှလုံးရောဂါနှင့်လေဖြတ်ရောဂါဖြစ်စေရန်အခွင့်အလမ်းများသည်။ အကယ်၍ ဆေးလိပ်ပါ သောက် ပါ က ၄င်းရောဂါများဖြစ်ရန် အခွင့် အလမ်း ပိုများသွားမည်။

၆.လေ့ကျင့်ခန်းလုပ်ပါ။ရက်သတ္တပတ်၏ရက် တော်တော်များများမှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာသွေးပေါင်ကို ကျစေသည်။ သင်၏အားကစားဖိနပ်ကို ဘီဒိုထဲ သိမ်းထားမည့်အစား အကျိုးရှိစွာ အသုံးပြုပါ။

၇.တရားထိုင်ပါ။ဘဝ၏သွေးတိုးစေသည့်များစွာသောဖိစီးမှုများပြေပျောက်စေရန်တရားထိုင်ပါ။တရားထိုင်ခြင်းသည် သွေးပေါင်ကို သိသာစွာ ကျစေပါသည်။

ဝင်းအိ
Health Updates Journal

No comments: