Thursday, September 05, 2013

ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံငါးခု ၂၀၁၅ အပြီးဆောက်မည်


Thursday, September 5, 2013

တိုင်းပြည်ဖွံ့ဖြိုးမှုအတွက်အရေးပါသောပြည်တွင်းလျှပ်စစ်စွမ်းအားလိုအပ်ချက်ပမာဏကိုထပ်မံဖြည့်ဆည်းရန် ၂၀၁၅ခုနှစ်မတိုင်မီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံငါးခုအပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ဓာတ်အားပေးစက်ရုံ နှစ်ခုနှင့် ပဲခူးတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တစ်ခုစီ ထပ်မံဖွင့်လှစ်မည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပမာဏ ၃၀၁ မဂ္ဂါဝပ် ထပ်တိုးလာမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ထံမှ သိရသည်။

ဖြူးချောင်း၊နောင်ချိုနှင့်ဘီလူးချောင်း-၃စီမံကိန်းတို့ကို၂၀၁၃၊၂၀၁၄ခုနှစ်တွင်အပြီးသတ်တည်ဆောက်၍ ဖွင့် လှစ်သွားမည်ဖြစ်ပြီးB.O.Tစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုထားသောအထက်ဘီလူးချောင်းနှင့်အထက်ပေါင်းလောင်းချောင်း စီမံကိန်းတို့ကို၂၀၁၄၁၅ဘဏ္ဍာနှစ်အတွင်းအပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်းရေအားလျှပ်စစ်စီမံရေးဦးစီးဌာန ထံမှ သိရသည်။

လက်ရှိအချိန်တွင်အဆိုပါစီမံကိန်းများတွင်တည်ဆောက်ရေးလုပ်ငန်းများစတင်နေသော စီမံကိန်းခြောက်ခု၊ တည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားပြီးဖြစ်သောစီမံကိန်းတစ်ခု၊ရပ်စဲထားသောစီမံကိန်းနှစ်ခုနှင့်အခြားစီမံကိန်းများမှာမူ လေ့လာနေဆဲ အနေအထားတွင်သာ ရှိနေ သေးကြောင်းလည်း ယင်းဌာနထံမှ သိရသည်။

"မြန်မာနိုင်ငံမှာက ရေအား လျှပ်စစ်ထုတ်ယူလို့ရတဲ့ နေရာတွေ အများကြီးပါပဲ။ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လုပ်နိုင်ဖို့တော့ လိုတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ခုလိုချင်ရင် တစ်ခု ပေးရတာ ထုံးစံပဲ" ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

The Voice Weekly

No comments: