Thursday, September 5, 2013
ခမာနီစစ်ရာဇ၀တ်မှုဆိုင်ရာခုံရုံးမှကမ္ဘောဒီးယားဝန်ထမ်းများအားပေးရန်ရှိသည့်လစာငွေများကိုပေးရန်ကမ္ဘောဒီးယားအား
ကုလသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း စက်တင်ဘာ ၄ ရက်က အေအက်ဖ်ပီသတင်း ဌာနမှ
ဖော်ပြထားသည်။
မရရှိသေးသည့်
လစာငွေများအတွက် ခုံရုံးမှအလုပ်သမားများ သပိတ်မှောက်ဆန္ဒပြလျက်ရှိကြရာ၊
ဆန္ဒပြ ပွဲသို့ ပိုမိုများပြားသည့် အလုပ်သမားများ ပူးပေါင်းပါဝင်လာခဲ့ကြသည်။
တရားသူကြီးများနှင့်အစိုးရရှေ့နေများအပါအ၀င်ထိုခုံရုံးမှကမ္ဘောဒီးယားဝန်ထမ်း၂၅၀ဦးအား ငွေကြေး ပြတ်လပ်မှုကြောင့် ဇွန်လကတည်းကစ၍ လစာမပေးနိုင်ဘဲရှိခဲ့သည်။
“သပိတ်ပြီးဆုံးသွားဖို့အတွက် အစိုးရလစာငွေတွေကို ၀တ္တရားရှိတဲ့အတိုင်း
ချက်ချင်းပေးဖို့ ကမ္ဘောဒီးယား အစိုးရကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်”
ဟု သူကဆိုခဲ့သည်။
ခုံရုံးမှဝန်ထမ်း၁၀၀ဦးခန့်သည်တနင်္ဂနွေနေ့ကစတင်ဆန္ဒပြသပိတ်မှောက်ခဲ့ကြပြီး၊တနင်္လာနေ့က နောက်ထပ်ဝန်ထမ်း ၁၀၀ ဦး သပိတ်တွင် ပူးပေါင်းပါဝင်လာခဲ့သည်ဟု ခုံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Neth Pheaktra က ဆိုသည်။
“သပိတ်မှောက်သူအရေအတွက်ကမကြုံစဖူးပါပဲ။ခုံရုံးဆက်လက်ရပ်တည်နိုင်ရေးနဲ့ပတ်သက်ပြီးကျွန် တော်တို့ အရမ်း စိုးရိမ်မိပါတယ်” ဟု သူက ဆိုသည်။
၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ထိုခုံရုံးမှာ
ငွေကြေးပြတ်လပ်မှုများ ထိုစဉ်ကတည်းက မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ ၁၉၇၀
ပြည့်လွန်နှစ်များ၏ အနှောင်းပိုင်းကာလအတွင်း ရက်စက်သည့် ကွန် မြူနစ်
ခမာနီအစိုးရက လူပေါင်းနှစ်သန်းခန့်အထိ သတ်ဖြတ်ခဲ့ရာ၊ ထိုစစ်ရာဇ၀တ်မှုများကို
တရားစီရင်ရန် အတွက်ခုံရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထိုခုံရုံးမှ နိုင်ငံတကာဝန်ထမ်းများအတွက်လစာေ ငွကို
ကုလသမဂ္ဂက ပေးအပ်လျက်ရှိနေပြီး၊ ကမ္ဘောဒီး ယားဝန်ထမ်းများ၏ လစာငွေကိုမူ
ကမ္ဘောဒီးယားအစိုးရက တာဝန်ယူပေးအပ်ရမည် ဖြစ်သည်။သို့ရာတွင် ထိုလစာငွေများ
ပေးအပ်နိုင်ရန်အတွက် ကုလသမဂ္ဂရော၊ ကမ္ဘောဒီးယားအစိုးရပါ အလှူရှင်များကို
မှီခို ကြရသည်။
မတ်လအတွင်းကလည်း လစာမရရှိမှုကြောင့် သပိတ်မှောက်မှုဖြစ်ပေါ်ခဲ့ရာ ထိုခုံရုံး၏ တရားစီရင်ရေးလုပ် ငန်းများ နှစ်ပတ်ခန့် ရပ်ဆိုင်းခဲ့ရသည်။
Thursday, September 5, 2013
ခမာနီစစ်ရာဇ၀တ်မှုဆိုင်ရာခုံရုံးမှကမ္ဘောဒီးယားဝန်ထမ်းများအားပေးရန်ရှိသည့်လစာငွေများကိုပေးရန်ကမ္ဘောဒီးယားအား ကုလသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း စက်တင်ဘာ ၄ ရက်က အေအက်ဖ်ပီသတင်း ဌာနမှ ဖော်ပြထားသည်။
မရရှိသေးသည့် လစာငွေများအတွက် ခုံရုံးမှအလုပ်သမားများ သပိတ်မှောက်ဆန္ဒပြလျက်ရှိကြရာ၊ ဆန္ဒပြ ပွဲသို့ ပိုမိုများပြားသည့် အလုပ်သမားများ ပူးပေါင်းပါဝင်လာခဲ့ကြသည်။
တရားသူကြီးများနှင့်အစိုးရရှေ့နေများအပါအ၀င်ထိုခုံရုံးမှကမ္ဘောဒီးယားဝန်ထမ်း၂၅၀ဦးအား ငွေကြေး ပြတ်လပ်မှုကြောင့် ဇွန်လကတည်းကစ၍ လစာမပေးနိုင်ဘဲရှိခဲ့သည်။
“သပိတ်ပြီးဆုံးသွားဖို့အတွက် အစိုးရလစာငွေတွေကို ၀တ္တရားရှိတဲ့အတိုင်း ချက်ချင်းပေးဖို့ ကမ္ဘောဒီးယား အစိုးရကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်” ဟု သူကဆိုခဲ့သည်။
ခုံရုံးမှဝန်ထမ်း၁၀၀ဦးခန့်သည်တနင်္ဂနွေနေ့ကစတင်ဆန္ဒပြသပိတ်မှောက်ခဲ့ကြပြီး၊တနင်္လာနေ့က နောက်ထပ်ဝန်ထမ်း ၁၀၀ ဦး သပိတ်တွင် ပူးပေါင်းပါဝင်လာခဲ့သည်ဟု ခုံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Neth Pheaktra က ဆိုသည်။
“သပိတ်မှောက်သူအရေအတွက်ကမကြုံစဖူးပါပဲ။ခုံရုံးဆက်လက်ရပ်တည်နိုင်ရေးနဲ့ပတ်သက်ပြီးကျွန် တော်တို့ အရမ်း စိုးရိမ်မိပါတယ်” ဟု သူက ဆိုသည်။
၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ထိုခုံရုံးမှာ ငွေကြေးပြတ်လပ်မှုများ ထိုစဉ်ကတည်းက မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ၏ အနှောင်းပိုင်းကာလအတွင်း ရက်စက်သည့် ကွန် မြူနစ် ခမာနီအစိုးရက လူပေါင်းနှစ်သန်းခန့်အထိ သတ်ဖြတ်ခဲ့ရာ၊ ထိုစစ်ရာဇ၀တ်မှုများကို တရားစီရင်ရန် အတွက်ခုံရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုခုံရုံးမှ နိုင်ငံတကာဝန်ထမ်းများအတွက်လစာေ
မတ်လအတွင်းကလည်း လစာမရရှိမှုကြောင့် သပိတ်မှောက်မှုဖြစ်ပေါ်ခဲ့ရာ ထိုခုံရုံး၏ တရားစီရင်ရေးလုပ် ငန်းများ နှစ်ပတ်ခန့် ရပ်ဆိုင်းခဲ့ရသည်။
No comments:
Post a Comment