Thursday, September 05, 2013

ချီဖွေငယ် ရေအားလျှပ်စစ်မှ မြန်မာနိင်ငံအတွက် ၂၅ ရာခိုင်နူန်း ရရှိမည်


 Thursday, September 5, 2013

တရုတ်နိင်ငံနှင့်ပူးပေါင်းလုပ်ဆောင်ထားသောကချင်ပြည်နယ်ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံပီးစီးသွားပြီ ဖြစ်။(၉၉)မဂ္ဂ၀ပ်ထုက်ယူရရှိနိင်ကြောင်း၊ မြန်မာနိင်မှ(၂၅)ရာခိုင်နူန်းရရှိသွားမည် ဖြစ်ကြောင်းလျပ်စစ်ဝန်ရေအား လျှပ်စစ်ဆိုင်ရာ ညွန်ကြားရေးမှူး ဦးတင့်လွင်ဦးကပြောကြားသည်။

တရုတ်နဲလုပ်တာပါ။လိုင်းချိက်လို့ရတာ မြစ်ကြီးနား၊ဗန်းမော်ရှိတော့အဲနေရာတွေကိုလျှပ်စစ်မီး ပေးသွားမှာပါ။ ကျန်တာတွေက တရုက်ကို တင်ပို့သွားမှာပါဟု ၎င်းက ဆိုသည်။

အဆိုပါချီးဖွယ်ရေအားလျှပ်စစ်စီမံကိန်းမှဓာတ်အား(၉၉)မဂ္ဂ၀ပ်ရရှိမည်ဖြစ်ကာပုံမှန်(၅၉၉)ထွက်ရှိမည်ဖြစ်ကြောင်း၊၂၀၁၂၁၃ဘဏ္ဍာရေးနှစ် အတွင်းချီးဖွယ်အပြင်ပဲခူးတိုင်းရှိThaukyegat2မှာလည်းပြီးစီးသွားပြီ ဖြစ်ကာ(၁၂၀)မဂ္ဂါဝပ်ရရှိနိင်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅-၁၆ ခုနှစ်အတွင်း ပြီးစီးတော့မည် ဖြစ်သည့် ရေအားလျှပ်စစ်စီးမံကိန် (၇)ခု ရှိနေပြီး ချီဖွယ်ငယ်နှင့် Thaukyegat -2 တို့မှာ ပြီးစီးခဲ့ပြီ ဖြူးချောင်း၊ နန်ချို၊ အထက်ပေါင်းလောင်း နှင့် ဘီလူးချောင်း-၃ တို့မှာ ရာနူန်းပြည့်နီးပါးပြီးစီးနေပြီး ဖြစ်၍အထက်ဘီးလူးချောင်းမှာ(၃၇)ရာခိုင်နူန်းထိ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း။ ယင်းတို့မှစုစုပေါင်းလျှပ်စစ်ဓာတ်အားပမာဏ(၅၂၀)မဂ္ဂါဝပ်ရရှိနိင်မည်ဖြစ်ကြောင်းဦးတင့်လွင့်ဦးကပြောကြားသည်။

အဲဒီစီမံကိန်းတွေအထဲက လေးခုကိုBOTစနစ်ရယ်၊JVစနစ်တို့နဲဆောင်ရွက်ခဲ့တာပါဟု၎င်းက ပြောကြားသည်။

မြန်မာနိင်ငံသည် ရေအားလျှပ်စစ်စီမံကိန်းများကိုဧရာဝတီမြစ်တွင်(၃၄)ခု၊ချင်းတွင်းမြစ်တွင်(၈)ခု၊စစ်တောင်းတွင်(၁၁)ခု၊ သံလွင်တွင်(၂၁)ခု၊မီကုန်းတွင်(၄)ခုနှင့်အခြားတို့တွင်(၁၉)ခုဖြင့်(၉၂)ခုရှိနေကြောင်း၊လျပ်စစ်ဓါက်အားထုက်ယူနိင်မူ ပမာဏ (၄၆၁၀၁)ရှိသည်ဟု လျှပ်စစ်ဝန်ကြီးဌာန၏ ထုက်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးစီုးသိန်းကလည်း ပြည်တွင်းလျှပ်စစ်ဖူလုံမူရှိစေရန်အချိန်တိုတွင်းအလျင်အမြန် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပြီးတစ်နိင်ငံလုံးအတိုင်းအတာအရ(၂၈.၈၆)ရာခိုင်နူန်းသာ လျှပ်စစ်သုံးစွဲနိင်သေးသည် အခြေအနေ ရှိနေကြောင်း သိရသည်။

အထောက်တော်
The Myanma Age

No comments: