Thursday, September 5, 2013
မင်္ဂလာဒုံခရေပင်လမ်းဆုံ၌ခုံး ကျော်တံတား ထိုးမည့် အစီအစဉ်ကို ဘုရင့်နောင်ဘက်သို့ ရွှေ့ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကရထားပို့ဆောင်ရေးဝန်ကြီးဌာနအားအကြံပြုစာပေးပို့လိုက်ကြောင်းသိရသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနဘတ်ဂျက်ဖြင့်မင်္ဂလာဒုံခရေပင်လမ်းဆုံ၌ခုံးကျော်တံတားထိုးရန်ယခုနှစ်တွင် မြေသားစမ်းသပ်မှုများ ပြုလုပ်ထား ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အသုံးစရိတ်တွင်ထည့်သွင်းရေးဆွဲရန်စီစဉ်ထားသော်လည်းရန်ကုန်တိုင်းအစိုးရ ၏ အကြံပြုလွှာကြောင့် ထပ်မံစဉ်းစား မှု ပြုနေကြောင်း ယင်းဝန်ကြီးဌာန အ ကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
”ဘယ်နေရာက ပိုသင့်တော်မလဲ။ ဒါကိုဆန်းစစ်နေတယ်” ဟု ၄င်းကဆို သည်။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့သည်ခရေပင်လမ်းဆုံထက်ဘုရင့် နောင်တွင်ယာဉ်ကြောပိတ်ဆို့မှုများ၍ ထိုနေရာက ပိုသင့်တော်ကြောင်း ထောက်ပြခဲ့သည်ဟု သိရသည်။
ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ကမူ ဖြစ်သင့်သည့်နေရာတွင်သာ ခုံး ကျော်တံတား ဆောက်မည်ဖြစ်ပြီး တည် ဆောက်ရေးဆိုင်ရာ လုပ်ငန်း နှစ်ခုစလုံး အား ပြည်ေ ထာင်စုအစိုးရအဖွဲ့သို့ တင် ပြလိုက်ပြီဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၁၉၈၉ ခုနှစ်ကစ၍ ၂ဝဝ၅ ခုနှစ်အထိ ခုံးကျော်တံတားပေါင်း ၂ဝ တည် ဆောက်ထားသည်။အစိုးရသစ်လက်ထက်တွင်မူလှည်းတန်းခုံးကျော်တံတားတစ်စင်းကိုသာယခုနှစ် မေ ၃ဝရက်တွင်ဖွင့်လှစ်ခဲ့ပြီး ရွှေဂုံတိုင်ခုံးကျော်တံတားနှင့်ဘုရင့်နောင်ခုံးကျော်တံတား နှစ်စင်းမှာမူတည်ဆောက်နေ ဆဲ ဖြစ် သည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကခုံးကျော်တံတားတစ်စင်း၊ ဆောက်လုပ်ရေးကခုံးကျော်တံတား နှစ်စင်းကို ရန်ကုန်တွင်ထပ်မံတည်ဆောက်ရန်လျာထားပြီး ဖြစ်သော်လည်းထိုတံတားများကိုEUက ထောက်ပံ့သွားရန်ရှိ ကြောင်း အစောပိုင်း ကာလများက သ တင်းထွက်ပေါ်ခဲ့သည်။ သို့သော် လျာ ထားစီမံကိန်းများကို EU ၏အကူအညီ မရရှိပါကလည်း လာမည့်နှစ်တွင် ထို ဝန်ကြီးဌာန နှစ်ခု၏ ကိုယ်ပိုင်ဘတ်ဂျက် ဖြင့် တည်ဆောက်ရန် အစီအစဉ်ရေး ဆွဲပြီးဖြစ်သည်ဟု ထပ်မံသိရသည်။
Popular Myanmar News Journal

No comments:
Post a Comment