Thursday, September 5, 2013
ပဲခူးတိုင်းဒေသကြီးaတာင်ငူမြို့နယ်aသာက်ရေခပ်ဆည်စီမံကိန်းနယ်မြေမှဖယ်ရှားခံခဲ့ရသောထုံးဘို ကျေးရွာအိမ်ခြေ၉၃အိမ်အတွက်သက်ဆိုင်ရာကုမ္ပဏီမှနစ်နာကြေးအဖြစ်တစ်အိမ်ထောင်လျှင် ကျပ်သိန်း၃ဝနှုံးန်းဖြင့်ကာယကံရှင်များလက်ဝယ်သို့အတိအကျပေးအပ်ခဲ့ပြီးဖြစ်သော်လည်းအသက်၁၃ နှစ်အရွယ်ရှိ မောင်ဇော်ဝင်းမောင်ဆိုသူမှာ၎င်းတို့အိမ်အတွက်ရရှိခဲ့သောကျပ်သိန်း၃ဝအားသက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးက ပြန်လည် တောင်းယူသွားခြင်းကိုခံလိုက်ရကြောင်းသိရသည်။
''ကုမ္ပဏီက လူကြီးတွေက ကျွန်တော့်ကို တခြားလူတွေလိုပဲ သိန်း၃ဝပေးခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့်လက်နဲ့သွား ယူခဲ့ရတာပါ။ ရွာလူကြီး ဦးအောင် ထွန်းဝင်းက အဲဒီငွေတွေ မင်းနဲ့ မဆိုင်ဘူး။ လာပြန်ပေးလို့တောင်း တာနဲ့ သိန်း ၃ဝလုံး သွားပေးလိုက် ရတယ်။ သုံးသိန်းကျွန်တော့်ကိုပြန်ပေး တယ်။ ကျွန်တော်မကျေနပ်ဘူး။ ကျွန်တော့်အဖေက တခြားမှာအလုပ်သွားလုပ်ရင်း နောက်အိမ်ထောင်ပြုသွားပြီ။ ရွာကိုပြန်မလာတော့ဘူး။အမေကလဲဆုံးသွားပြီ။ကျွန်တော့်မှာအသက်၁၀နှစ်အရွယ်ညီမလေးတစ်ဦးရှိတယ်။ ကျွန် တော်တို့ မောင်နှမနှစ်ဦး အဒေါ့် အိမ်မှာကပ်နေရတယ်။ စီးပွားရေး က အဆင်မပြေဘူး။ကျွန်တော့် ငွေ သိန်း ၃ဝကိုပြန်လိုချင်တယ်။ဦးလေးတို့ကျွန်တော့်ကိုကူညီပေးကြပါ''ဟု မောင်ဇော်ဝင်းမောင်က ပြောသည်။
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးကျော်စွာစိုးက''ကျွန်တော်တို့ဒီကိစ္စကိုအမှန်တိုင်းဖြစ်ဖို့အ တွက် မြို့နယ်ပါတီရုံးအဖွဲ့ကနေ ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေတယ်။ ဥပဒေနှင့်အညီဖြစ်ဖို့အတွက် လုပ် တာပါ။ အုပ်ချုပ်ရေးမှူး ဆိုတာက ပြည်သူတွေကို ကာကွယ်စောင့် ရှောက်ဖို့အာဏာကိုသုံးပြီး ပြည် သူကို အသုံးမချရဘူးဆိုတာသိရ မယ်။ ဒီလိုမျိုးတွေလုပ်နေမယ်ဆို ရင် နိုင်ငံတော်အစိုးရပါ ထိခိုက် လာနိုင်တယ်။ အခုဖြစ်တဲ့ကလေးက၁၃နှစ်ပဲရှိ သေးတယ်။အခုက လေးကကြောက်တော့ရပ်/ကျေးပါတီအတွင်းရေးမှူးအိမ်မှာ ထား ရတယ်''ဟုပြောသည်။
''အဲဒီရပ်/ကျေးအုပ်ချုပ် ရေးမှူးက အေးရှားဝေါကုမ္ပဏီ လျော်ကြေးငွေတွေ ပေးတဲ့နေ့မှာပဲအခုလိုလျော်ကြေးငွေရအောင် ဝိုင်းကူညီခဲ့တဲ့ KNU အဖွဲ့တွေ၊NGO အဖွဲ့တွေ၊ အကျိုးဆောင် ပေးသူတွေအတွက် တစ်အိမ်ထောင် ကို ကျပ်၅၀၀၀၀၀စီ ပြန်ပေးရမယ်။မပေးရင်နောငပြဿနာတစ်စုံတစ်ခုဖြစ်လာရင်လိုက်ရှင်းမပေးဘူးဆိုပြီး တောင်းပါ
တယ်။ ကျွန်တော် တို့လဲ ကြောက်ပြီး ပေးကြရပါတယ်။
အိမ်၉၂အိမ်အတွက်ကျပ်သိန်း၄၆ဝနဲ့ မောင်ဇော်ဝင်းမောင်ကကျပ်သိန်း၃၀အားလုံး ငွေကျပ်သိန်း ပေါင်း၄၉၀ ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကအဲဒီနေ့ကပဲယူသွားကြပါတယ်။ဒီကနေ့အထိဘာစာရင်းဇယားမှမရှင်းပြပါဘူး။ ဒီကိစ္စကို နိုင်ငံတော်အကြီးအကဲတွေသိအောင် ဆက်ပြီး တင်ပြအကူအညီ တောင်းခံသွားမှာပါ'' ဟု ထုံးဘိုကျေးရွာနေ စောအယ်မှူးကလည်း တောင်သူလယ်သမားပါတီတာဝန်
ရှိသူများနှင့်တွေ့ ဆုံစဉ်ရင်ဖွင့်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆွေ
Yangon Media Group

No comments:
Post a Comment