Friday, September 20, 2013
မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင်နှစ်ထပ်ကွမ်းမုန်တိုင်းတိုက်ခတ်မှုကြောင့်လူပေါင်း၈၀ထက်မနည်းသေဆုံးခဲ့ရပြီးနောက်မက္ကဆီကိုအနောက်မြောက်ဘက်ကမ်းခြေအနီးတွင်ဟာရီကိန်းမုန်တိုင်းသစ်တစ်ခုဖြစ်ပေါ်ခဲ့ရာမြေပြိုမှုများကြောင့်ကျေးရွာတစ်ရွာမြေအောက်သို့ရောက်သွားခဲ့ပြီးလူဒါဇင်ပေါင်းများစွာပျောက်ဆုံးခဲ့သည်။ဂါရီယိုပြည်နယ်အနောက်တောင်ဘက်တောင်များရှိရွာများတွင်မြေများပြိုကျပြီးနောက်၅၈ဦးပျောက်ဆုံးနေကြောင်းသမ္မတအန်ရီကူပီနာနီတိုကပြောခဲ့သည်။
ပစိဖိတ်အပန်းဖြေစခန်းအနောက်ဘက်ရှိအိမ်ပေါင်း၂၀ ကျော်ပျက်စီးပြီးနောက်အခြေ အနေစိုးရိမ်ရကြောင်း မြို့စား အီဒီဘာတိုတာ
ဘာရက်ဇ်ကပြောသည်။ ထို့အပြင် ရွာသား ၂၈ဝကျော် နေ ရာပြောင်းရွှေ့ခဲ့ရပြီး လူပေါင်း ၉၁ ဦးကို မကြာမီ ကယ်ဆယ်သွားမည်ဟု
သိရသည်။ ယခုရက်သတ္တ ပတ်တွင် မက္ကဆီကိုတစ်ဝန်း မြေ ပြိုမှု၊ ရေကြီး
မှုများ ဖြစ်ပေါ်ပြီး နောက် သေဆုံးသူဦးရေ တိုးလာ ကြောင်း အာဏာပိုင်
များက ပြောခဲ့သည်။
ထို့အပြင်အရှေ့ဘက် ကမ်း ခြေမှ အပူပိုင်းမုန်တိုင်းတစ်ခု ဝင်နိုင်ကြောင်း
လည်း သိရသည်။ အ ဝေးပြေးလမ်းနှင့် ချိတ်ဆက်နေ သော မက္ကဆီကိုမြို့
များတွင် မြေ များဖြင့် ဖုံးလွှမ်းနေပြီး ခရီးသွား ထောင်ပေါင်းများစွာ ပိတ်
မိနေသည်။
ပစိဖိတ်အပန်းဖြေစခန်းနှင့် မက္ကဆီကိုမြို့များကြား လမ်းများကို ပြန်လည်ပြုပြင်နိုင်ရန် မျှော် လင့်ကြောင်း အာဏာပိုင်
များက ပြောသည်။ လေဆိပ်တွင်လည်း ရေများ ဒူးခေါင်းအထက်အထိ
ပြည့်နေသော်လည်း စီးပွားရေး လေကြောင်းလိုင်းသည် အင်္ဂါနေ့ တွင် စတင်ပြေးဆွဲမည်ဟုသိရသည်။
''ဒီလိုအတွေ့အကြုံက နည်း နည်းတော့ ကြောက်စရာကောင်း ပေမယ့် ဒီလိုမှမသွားရင်လဲ ထွက် လို့ရမှာ မဟုတ်တော့ဘူး''ဟု လန် ဒန်မှ
ခရီးသွားတစ်ဦးကပြောသည်။လူပေါင်း ၅၀၀၀ ကျော်တို့ သည် ပြီးခဲ့သော ရက်သတ္တပတ် က မက္ကဆီကိုလေကြောင်းလိုင်း ဖြင့် ထွက်ခွာသွားခဲ့ကြပြီး လူပေါင်း ၁၅၀၀၀ ကို ယနေ့တွင် ပို့ဆောင် ပေးမည်ဟု သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောသည်။
Yangon Media Group
No comments:
Post a Comment