Friday, September 20, 2013

အလုပ်ခန့်လျှင်အလုပ်ရှင်-အလုပ်သမားသဘောတူစာချုပ်မချုပ်ကထောင်ဒဏ်အထိ အရေးယူခံရတော့မည်


Friday, September 20, 2013
အလုပ်အကိုင်နှင့်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေသစ်အရအလုပ်ရှင်မှအလုပ်သမားခန့်ထားလျှင်သဘောတူညီချက်စာချုပ်ကိုမဖြစ်မနေချုပ်ဆိုသွားရမည်ဖြစ်သည်။ဥပဒေကလည်းထွက်ပြီးပြီ။စာချုပ်ကချုပ်ကိုချုပ်ရမှာ။မချုပ်လို့မရဘူး။အဲဒါကအသက်ပဲဟုအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်ကပြောသည်။အဆိုပါဥပဒေကိုယခုနှစ်သြဂုတ်လ၃ဝတွင်ပြဋ္ဌာန်းပြီးအောက်တိုဘာလတွင်အာဏာတည်မည်ဖြစ်သောကြောင့်လက်ရှိအချိန်မှစတင်၍အလုပ်ခန့်ထားရာတွင်အလုပ်ရှင်အလုပ်သမားသဘောတူညီချက်စာချုပ်ကိုမဖြစ်မနေချုပ်ဆိုသွားရမည်ဟု၎င်းကဆက်ပြောသည်။

”ဒါက ဥပဒေနဲ့အညီ လုပ်ရမှာ။ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကိုလည်း ဥပဒေနဲ့ အညီပေးရမယ်”ဟု ဦးဝင်းရှိန်ကပြောသည်။ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ ဖြိုးတိုးတက်ရေး ဥပဒေမှာ ၁၉၆၄ ခုနှစ် ဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။ဥပဒေ အရ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီ ချက်စာချုပ်တွင်အလုပ်သမားများ၏ လုပ်ငန်းခွင် စည်းကမ်းနှင့် အကျိုးခံစား ခွင့်များပါဝင်ပြီး ယင်းစာချုပ်ကို ချုပ်ဆိုပြီးပါကအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊အလုပ်ရှင်နှင့်အလုပ်သမားတို့ထံတွင် တစ်စုံစီ ထားရှိ ရမည်ဟု သိရသည်။

 အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ ဖြိုးတိုးတက်ရေး ဥပဒေအာဏာ တည် ချိန် အောက်တိုဘာမှစတင်၍ အဆိုပါ အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူညီ ချက်စာချုပ်ကို မချုပ်ဆိုလျှင် အလုပ်ရှင် အား တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးနှင့်ဖြစ်စေ အရေးယူမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

 ခိုင်နွယ်ဦး
 Popular Myanmar News Journal

No comments: