Friday, September 20, 2013
မင်္ဂလာတိုက်ဆရာတော်ဥုးသုမင်္ဂလဒယ်အိုးဆရာတော်ကယခုတစ်နှစ်ပတ်လုံးတွင်ရန်ကုန်တိုင်းဒေသကြီး၌ တရားဟောကြားမည်မဟုတ်ကြောင်းရန်ကုန်တိုင်းမ်နေ့စဉ်နှင့်စက်တင်ဘာ၁၉ရက်ကသီးသန့်တွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးတွင်တရားပွဲများပြုလုပ်ပါကတချို့သောပုဂ္ဂိုလ်များ၏အမျိုးမျိုးနှောင့်ယှက်ခြင်းကိုခံရကြောင်း၊သက်ဆိုင်ရာ၏ခွင့်ပြုခြင်းမပြုခြင်းထက်တချို့သောလူရှင်ရဟန်းများအကုသိုလ်ဖြစ်မည်ကိုစိုးရိမ်ကြောင့်ကြသောကြောင့်ယခုကဲ့သို့တစ်နှစ်လုံးရန်ကုန်တိုင်းဒေသကြီးအတွင်းတရားမဟောရန်ဆုံးဖြတ်ထားသည်ဟုဆရာတော်ဥုးသုမင်္ဂလကမိန့်ကြားသည်။
ဆရာတော် ဥုးသုမင်္ဂလက ''နယ်တွေမှာဆိုရင် သံဃာတွေနဲ့ ဒကာ၊ ဒကာမတွေ တစ်သား တည်းရှိတယ်။ ရန်ကုန်မှာက တ ရားပွဲလုပ်မယ်ဆိုရင် အမျိုးမျိုး နှောင့်ယှက်ခံရတယ်။ ဗုဒ္ဓရဲ့သား တော် ရဟန်းတော်တွေက အ ကုန်လုံးစည်းကမ်း ရှိတယ်။ ဘုရား တရားတော်တွေပဲ ဟောကြတာပါ။ နိုင်ငံအုပ်ချုပ်တဲ့သူတွေရော သက်ဆိုင်ရာအဖွဲ့အစည်းတိုင်းဟာသာသနာတော်နဲ့ပတ်သက်ပြီးတရားပွဲတွေကိုဘယ်လိုကန့်သတ်ချက်မှမပါဘဲလွတ်လပ်စွာဟောကြားခွင့်ပြုရင်အဆင်ပြေလိမ့်မယ်။ နောက်ပြီး ဘာသာ ရေးအဆုံးအမတွေဆိုတာက မည် သည့်ဘာသာပဲဖြစ်ပါစေ၊ လွတ် လပ်စွာပြောဆိုဟောပြောစည်း ရုံးပိုင်ခွင့်ရှိရမယ်။ တရားပွဲတွေ ဟာ လွတ်လပ်ခွင့်ရသင့်တယ်။ လွတ်လပ်ခွင့်မရဘူးဆိုရင် အဲဒီ တိုင်းပြည်မှား နေတယ်လို့ ဦးဇင်း ယူဆတယ်''ဟု မိန့်ကြားခဲ့သည်။
ဆရာတော်တရားဟောခွင့် ကို သက်ဆိုင်ရာက ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၉ရက်မှ ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၈ရက်အထိတရားဟောခွင့်များပိတ်ပင်ထားခိုက်တွင်ဆရာတော်၏ပရဟိတလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်နိုင် စေရန်အတွက်နှင့် ပရဟိတ လုပ် ငန်းများကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်ရေးအတွက် ဆရာတော်၏ ဒကာ၊ ဒကာမများ က သစ္စာမဏ္ဍိုင်အမည်ရှိ ပရဟိတ အသင်းကို ဖွဲ့စည်းထားကြောင်း၊ ယင်းအသင်းသည် ဆရာတော်၏ သာသနာပြုပရဟိတ လုပ်ငန်း များ ဖြစ်သည့် သာသနာတော်ထောက် ပံ့လှူဒါန်းမှု၊ပညာရေးထောက်ပံ့လှူဒါန်းမှု၊ ကျန်းမာရေးထောက်ပံ့ လှူဒါန်းမှုအပြင် သဘာဝဘေး အန္တရာယ်နှင့် လူမှုရေးထောက်ပံ့ လှူဒါန်းမှုများကို ဆောင်ရွက် လာသည်မှာ ယခုဆိုလျှင် တစ်နှစ် ပြည့်ပြီဖြစ်ကြောင်း သိရသည်။
မင်္ဂလာတိုက်ဆရာတော် ဥုးသုမင်္ဂလသည် ယခုအခါ ပရ ဟိတလုပ်ငန်းများကို လုပ်ကိုင် လျက်ရှိပြီး ပညာရေးထောက်ပံ့မှု အနေဖြင့် ဆေးတက္ကသိုလ်ကျောင်း သားများနှင့် မူလတန်းကျောင်း၊ ဘကကျောင်း၊ မိဘမဲ့ကျောင်းများတွင်လည်းလိုအပ်သည့်ပညာရေးအကူအညီများပေးနေကြောင်း၊ လစဉ်ရေအလှူတော်နှင့် ဧရာဝ တီတိုင်းသောက်ရေရရှိရေး စီမံ ကိန်းအလှူတော်တို့အပြင် ကျန်း မာရေးစောင့်ရှောက်မှုများကိုလည်း လစဉ်ဆေးကုသမှု၊ အပတ်စဉ်
ဆေးကုသမှုများ ကိုလည်း လုပ် ဆောင်ပေးလျက်ရှိကြောင်း၊ သဘာဝဘေး
အန္တရာယ်နှင့်ကပ်ရောဂါအန္တရာယ်များဖြစ်ပေါ်သည့်နေရာများတွင်လည်းကျန်းမာရေးစောင့်ရှောက်မှုများကို ဆရာဝန် များနှင့် တိုင်ပင်ဆွေးနွေးပြီး
ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
''ပြောချင်တာ တစ်ခုက ဦး ဇင်းက အခု ပရဟိတလုပ်ငန်းတွေကို လုပ်နေ
တယ်။ ရှေ့လဲဆက်လုပ် ဦးမှာပဲ။ တရားဟောတာဟာပရဟိတလုပ်ငန်းအတွက်ဟော နေတာမဟုတ်ဘူး။ ဗုဒ္ဓသာသနာကို အများသတ္တဝါတွေ
သိမြင် ပြီးတော့ တရားနဲ့ အေးငြိမ်းစွာ နေထိုင်တတ်ဖို့ရည်ရွယ်ပြီး ဟောတာ။ တရားဟောခြင်းကရတဲ့ ဓမ္မပူဇာကိုလဲသာသနာပြုလုပ်ငန်းတွေမှာအကျိုးရှိရှိပြန်အသုံးချတယ်။ပရဟိတရန်ပုံငွေရ ဖို့ တရားဟောနေ
တာလဲမဟုတ်ဘူး။ အဲဒီလုပ်ငန်းနှစ်ခုကို သီး ခြားသိ ဖို့လိုတယ်''ဟု
မိန့်သည်။
ကျော်မြတ်ဇံ
Yangon Media Group
No comments:
Post a Comment