Monday, September 9, 2013
ရန်ကုန်မြို့ပတ်ရထားများ၏၀န်ဆောင်မှုကိုမြှင့်တင်ပေးမည်ဖြစ်ပြီးအဲယားကွန်းစနစ်ပါဝင်သည့်အထူးရထား တွဲများအားမကြာမီထည့်သွင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းရထားပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဌေးကစက်တင်ဘာ၇ရက်ကရန်ကုန်ဘူတာကြီးတွင်ပြုလုပ်သည့်ရန်ကုန်ကျိုက်ထိုရန်ကုန်အထူးအမြန်ရထားစတင်ပြေးဆွဲခြင်းအခမ်းအနားအပြီးသတင်းမီဒီယာအချို့နှင့်တွေ့ဆုံရာတွင်ပြောကြားသည်။လူဦးရေခြောက်သန်းကျော်နေထိုင်သောရန်ကုန်မြို့တွင်ကားလမ်းများတွင်ကားပိတ်ဆို့မှုများပြားနေသည့်အတွက်ယင်းကိစ္စအားအထိုက်အလျောက်ပြေလည်နိုင်စေရန်အတွက်ရထားပို့ဆောင်ရေးအားမြှင်တင်ပေးရန်ရည်ရွယ်ကြောင်း၊ယခုရန်ကုန်မြို့ပတ်ရထားလမ်းများအားပြင်ဆင်ခြင်းအပြင်မြို့ပတ်ရထားလမ်းတစ်လျှောက်အမှိုက်များကိုကောက်ယူကာသန့်ရှင်းရေးလုပ်ငန်းများပြုလုပ်ပြီးမြင်ကွင်းများလှပစေရန်ပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် ရထားစီးရေများကို တိုးမြှင့်ကာ ရထားများကို အချိန်မှန်စေရန်လည်း ပြုလုပ်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
''ရန်ကုန်က လူဦးရေ ခြောက်သန်းကျော် လောက်ရှိတယ်။ကားလမ်းတွေ
မှာကTraffic က သိပ်ဆိုးလာတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ရထား
ပို့ဆောင်ရေး မြှင့်ပေးချင်တဲ့ ဆန္ဒရှိတယ်။ ကားပိတ်ဆို့မှု ဆိုးလာတဲ့ အချိန်မှာပဲ တစ်ပြိုင်တည်း မြို့ပတ်ရထား လမ်းတွေလည်း ပြင်လာပါတယ်။ လမ်းပေါ်မှာ လူတကာလာပစ်တဲ့ အမှိုက်တွေကို ကျုံးပြီးတော့ မြင်ကွင်းလေး လည်းကောင်းအောင် လုပ်ပါတယ်။ ပြီးတော့မှ ရှိရင်းစွဲ ရထားတွေကိုလည်း ထိုင်ခုံတွေ ပြင်ပေးလိုက်တာ တွေရှိတယ်။ ရေရအောင် လုပ်ပေးတယ်။
နောက်ပြီး အသွင်အပြင် ကောင်းအောင် လုပ်ပေးလိုက်တော့ ရထားကို အတော်များများ စိတ်ဝင်စားလာကြတယ်။ ကျွန်တော်တို့ လုပ်ပေးဖို့တွေ ကျန်ပါတယ်။
ရထားအစီးရေ ထပ်ပြီးတော့ မြှင့်ပေးရမယ်။ အချိန်တွေ
မှန်အောင် လုပ်ပေးရမယ်။ မြို့ပတ်ရထား တွဲဆိုင်းသုံးဆိုင်းမှာလည်း အထူးတွဲတွေ ချိတ်ပေးဖို့ ကျန်ပါသေးတယ်။ နောက်အပတ်လောက်ဆို အဲဒါထပ် လုပ်ပေးမယ်။ နောက်ပြီး ရန်ကုန်-ကျိုက်ထို- ရန်ကုန် ခရီးစဉ်ပြေးတဲ့ ရထားတွေလို အဲကွန်းပါတဲ့ အထူးရထားတွေလိုမျိုး မြို့ပတ်ထဲမှာ သွင်းပေးပြီး ကျွန်တော်တို့ ပေးနိုင်မယ့် ၀န်ဆောင်မှုကို မြှင့်ပေး
သွားမယ်'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆိုသည်။
မြန်မာ့မီးရထား လမ်းကြောင်း ၃၅ ခုအနက် ငါးခုသာ စီးပွားရေးအရ တွက်ခြေကိုက်ပြီး ကျန်သည့်လမ်းကြောင်း ၃၀ အား အရှုံးခံ၍ ပြေးဆွဲ
ပေးနေရကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
eleven media group

No comments:
Post a Comment