Monday, September 9, 2013
နေရူးဂန္ဓီမျိုးဆက်၏အောက်တွင်အလုပ်လုပ်ရသည်ကိုဝမ်းမြောက်မည်ဖြစ်ကြောင်းပြောကြားရင်းအာဏာရကွန်ဂရက်ပါတီကိုဦးဆောင်ရန်ရာဟူးလ်ဂန္ဓီကိုအိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းကထောက်ခံလိုက်သည်။စိန့်ပီတာစဘတ်တွင်ဂျီ၂၀အစည်းအဝေးတက်ရောက်ပြီးနောက်ရုရှားမှလေယာဉ်ဖြင့်ပြန်လာစဉ်စနေနေ့နောက်ပိုင်းကသတင်းထောက်များကိုဆင်းကပြောကြားခဲ့ခြင်းဖြစ်သည်။ဆင်းသည်ယခုလနောက်ပိုင်းတွင်အသက်၈၁နှစ်ပြည့်မည်ဖြစ်သည်။''ရာဟူးလ်ဂန္ဓီရဲ့ဦးဆောင်မှုအောက်မှာအလုပ်လုပ်ရတာကျွန်တော်ပျော်မှာပါ''ဟုဝန်ကြီးချုပ်၏ပြောကြားချက်ကိုHindustan Timesသတင်းစာကကိုးကားဖော်ပြခဲ့သည်။
၂၀၁၄ ရွေးကောက်ပွဲများအပြီး ဝန်ကြီးချုပ်နေရာ
အတွက် အသက်၄၃ နှစ်အရွယ် ရာဟူးလ်ဂန္ဓီကို ရွေး ချယ်ခြင်းသည် စံပြုရွေးချယ်မှု ဖြစ်လိမ့်မည်ဟု ဆင်းက ပြော ကြားခဲ့သည်။
ရာဟူးလ်ဂန္ဓီ၏ ဖခင်၊ အ ဘွားနှင့် အဘေးတို့မှာ ဝန်ကြီးချုပ် များဖြစ်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က ပြည်နယ်ရွေးကောက်ပွဲများတွင် ညံ့ဖျင်းသောရလဒ်များပြသခဲ့သော်လည်းရာဟူးလ်ဂန္ဓီ၏နိုင်ငံရေးဘဝရောက်ရှိလာမည်ဟုကွန်ဂရက်ထောက်ခံသူအများအပြား၏ပြောကြားချက်ကိုရာဟူးလ်အတွက်လက်ခံယုံကြည်ရန်တောင်းဆိုမှုများဖြစ်ပေါ်လာခဲ့သည်။
ကွန်ဂရက်ဦးဆောင်သော အမျိုးသားအစိုးရ၏ ဝန်ကြီးချုပ် အဖြစ် ဆင်း၏နေရာကို ဆက်ခံ ရန် မိခင်ဖြစ်သူဆိုနီယာက သား ဖြစ်သူ ရာဟူးလ်ကို လက်သပ်မွေး နေသည်မှာ ကြာမြင့်နေပြီဖြစ် သည်။
သို့သော်လည်း ဝန်ကြီးတာ ဝန်များယူရန် အကြိမ်ကြိမ်မေတ္တာရပ်ခံချက်
များကို ငြင်းပယ်ခဲ့မှု ကြောင့် အိန္ဒိယ၏ကသောင်းကနင်းနိုင်ငံရေးလောကအတွက်ရာဟူးလ်ကဆန္ဒရှိမရှိမှာမေးခွန်းထုတ်စရာဖြစ်နေသည်။
အဓိကအတိုက်အခံ BJP ပါတီက ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်အရွေးခံ
မည့်သူတစ်ဦး ကို အမည်စာရင်းမတင်သွင်းရ သေးပေ။ သို့သော်လည်း သဘော ထားတင်းမာသော ဟိန္ဒူအမျိုး သားရေးဝါဒီ နာရင်ဒရာမိုဒီမှာ လွန်ခဲ့သည့်နှစ် အဓိကပြည်နယ် ရွေးကောက်ပွဲများတွင် အနိုင်ရ ပြီးကတည်းက လူကြိုက်အများ ဆုံးဖြစ်လာခဲ့သည်။
Yangon Media Group

No comments:
Post a Comment