Wednesday, September 11, 2013
ယခုနှစ်စာသင်နှစ်တွင်ကျောင်းခေါ်ချိန်မပြည့်၍ဒုတိယနှစ်ဝက်စာမေးပွဲဖြေဆိုခွင့်ပိတ်ပင်ခံလိုက်ရသောနည်းပညာတက္ကသိုလ်ရတနာပုံဆိုက်ဘာစီးတီးပြင်ဦးလွင်မှကျောင်းသားကျောင်းသူ၁၇၈ဦးအနက်အမှန်တကယ်
စားကြိုးစားသောသူများအားစားမေးပွဲဖြေဆိုခွင့်ပြန်လည်ပေးစေလိုကြောင်း၎င်းကျောင်းသားများကယနေ့၊နေ့လည်၁နာရီအချိန်တွင်မန္တလေးမြို့၃၆+၃၇လမ်းကြား၊၇၄လမ်းရှိCafe88တွင့်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယခုနှစ်မှစတင်ကာ အဆိုပါကျောင်းအားကျောင်းခေါ်ချိန်အား တစ်ဘာသာ
ချင်းစံနစ်ဖြင့် သတ်မှတ် ခေါ် ဆိုမှုစနစ်ကိုကျင့်သုံးခဲ့ပြီးစားမေပွဲဖြေဆိုခွင့်ပိတ်ပင်ခံရသူများတွင် တစ်ဘာသာမျှ ကျောင်းခေါ်ချိန်မပြည့်သ ဖြင့် စာမေးပွဲဖြေဆိုခွင့်ဆုံးရှုံးရသူများပါဝင်နေပြီး ကျောင်းခေါ်ချိန်များ
ထုတ်ပြန်ရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိခြင်း၊ကျောင်းခေါ်ချိန်ထုတ်ပြန်
မှုနောက်ကျခြင်းများကြောင့် နစ်နာမှုများရှိကြောင်း အဆိုပါရှင်းလင်းပွဲတွင်ဒုတိယနှစ်(ICTဘာသာရပ်တွင်တက်ရောက်နေသူကိုဟိန်းထူးထူးကျော်ကပြောသည်။
အချိန်ဇယားတွေဆွဲပြီး အချိန်ဇယားအတိုင်းသွားတယ်။ နောက်ပိုင်းဘယ်
လိုဖြစ်လာလဲဆိုတော သင်တဲ့ ဆရာတွေက သူတို့ဘာသာအတွက်
အချိန်မလောက်တော့ သူများအချိန်ကိုတောင်းပြီးသင်တယ်။
ဥပမာ အင်္ဂ လိပ်စာချိန်ကို သချာင်္တောင်းသင်ရင် အင်္ဂလိပ်စာ ကျောင်းခေါ်
ချိန်ရတယ်။အဲ့တော့ အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ လူကျတော့ တခြားဘာ
သာကို လေ့လာချင်လို့မတက်ရင် အင်္ဂလိပ်စာ ကျောင်းခေါ်ချိန် ဆုံးရှုံး သွားတယ် ဟု ကို ဟိန်းထူးထူးနိုင်က ပြောသည်။
အဆိုပါကျောင်းတွင် ပထမနှစ်ဝက်ကျောင်းခေါ်ချိန်အား ၆လပိုင်းတွင်
ထုတ်ပြန်ရမည့်အစား ၈လပိုင်းမှ သာထုတ်ပြန်နိုင်ခဲ့သောကြောင့်
ပြင်ဆင်ချိန်အားနည်းခဲ့ပြီးကျောင်းခေါ်ချိန်များထုတ်ပြန်ရာတွင်
လည်း ပွင့်လင်း မြင်သာမှုအားနည်းချက်များရှိကြောင်း သိချင်၍
ကိုယ်တိုင်သွားမေးရာတွင်လည်း တိတိပပ ဖြေဆိုခြင်းမရှိ ကြောင်း အဆိုပါကျောင်းမှ ဒုတိယနှစ်ကျောင်းသား ကိုရဲသူရိန်ကျော်က
ပြောသည်။
Popular Myanmar News Journal
No comments:
Post a Comment