Wednesday, September 11, 2013
အိန္ဒိယနိုင်ငံကအမျိုးသားလေးဦးကိုအုပ်စုလိုက်အဓ္ဓမပြုကျင့်မှုနဲ့တရားရုံးကအပြစ်ထင်ရှားတွေ့ရှိခဲ့တယ်လိုသိရပါတယ်။အဆိုပါအမျိုးသားလေးဦးဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကနယူးဒေလီမြို့မှာအသက်၂၃နှစ် အရွယ် အမျိုးသမီးတဦးကိုအုပ်စုလိုက်အဓ္ဒမပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့တရားရုံးကဆိုပါတယ်။ပဉ္စမမြောက်အဓ္ဓမပြုကျင့်မှုကျူးလွန်သူလို့သံသယဖြစ်ခံရသူကတော့ယခုနှစ်အစောပိုင်းမှာပဲအကျဉ်းထောင်ထဲမှာသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဓ္ဓမပြုကျင့် သတ်ဖြတ်မှုကြောင့် အိန္ဒိယနိုင်ငံ တ၀ှမ်းမှာ ဆန္ဒပြ ကန့်ကွက်မှုတွေဖြစ်ခဲ့ပါတယ်။
တရားရုံးကတော့သူတို့ကိုဘယ်လိုပြစ်ဒဏ်ချမှတ်မလဲဆိုတာမသိရသေးပေမယ့်အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးရဲ့ မိသားစုတွေကတော့ သေဒဏ်ချမှတ် စေချင်တယ်လို့ သိရပါတယ်။
ABC
No comments:
Post a Comment