Wednesday, September 11, 2013
မြန်မာနိုင်ငံတွင်းမှာဖြစ်ခဲ့တဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတွေထပ်မံမဖြစ်လာဖို့အတွက်အရှင်ဦးဝီရသူနဲ့အစ္စလမ်ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးသံတမန်ကွန်ယက်တို့ဟာစက်တင်ဘာလ၁၀ရက်နေ့မှာသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီတကြိမ်လက်မှတ်ထိုးတဲ့တွေ့ဆုံပွဲဟာတတိယအကြိမ်အဖြစ်တွေ့ဆုံဆွေးနွေးတာဖြစ်ပြီးနှစ်ဖက်ဘာသာရေးခေါင်းဆောင်တွေကပြည်သူတွေအနေနဲ့အကြမ်းဖက်မှုတွေကိုဥပဒေမဲ့တုန့်ပြန်တာတွေမလုပ်အောင်ဟောပြောစည်းရုံးသွားဖို့သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။
အဓိကရုဏ်းတွေရဲ့ ဇစ်မြစ်အလိုက်ရှာဖွေပြီး တားဆီးနိုင်ဖို့အတွက် အခုလို နှစ်ဘာသာ ငြိမ်းချမ်းရေးကို တည်ဆောက်တာ ဖြစ်တယ်လို့ ၉၆၉ ဆရာတော် အရှင်ဝီရသူက အခုလိုမိန့်ပါတယ်။
“အဓိကရုဏ်းတွေရဲ့ အကြောင်းရင်းကို ရှာဖွေလိုက်တဲ့အခါမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်တာရှိတယ်။ သံဃာများအပေါ် အကြမ်းဖက်တာရှိတယ်။ နောက် အုပ်စုဖွဲ့ပြီး အင်အားသုံးပြီးတော့ အနိုင်ကျင့်တာလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဒေါသတစ်ကြီး ပြန်ပြီး တုန့်ပြန်လို့ အဓိကရုဏ်းဖြစ်တာတွေ ရှိတယ်။ အဲဒီတော့ အဲဒီလို အကြမ်းဖက်ရန်စမှုများလည်း မပေါ်ပေါက်အောင် ဦးဇင်းတို့ ခုလို ငြိမ်းချမ်းရေးကို တည်ဆောက်တာ”
အဓိကရုဏ်းတစ်ခုဖြစ်ပေါ်လာတာနဲ့ တစ်ဖက်နဲ့တစ်ဖက်ချက်ခြင်းအသိပေးပြီးသက်ဆိုင်ရာအာဏာပိုင်တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ
ကို တင်ပြပြီး ဖြေရှင်းဖို့ စီစဉ်ထားတယ်လို့ အစ္စလမ် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး ကွန်ယက်က တာဝန်ခံ ဦးရွှေကြည်က ပြောပါတယ်။
“ကျွန်တော်တို့က ဆရာတော်ဆီ ရောက်တဲ့ Cause ကိုယူမယ်။ ကျွန်တော်တို့ အစ္စလမ် အဖွဲ့အစည်းကို တင်ပြမယ်။လူကြီးတွေရှင်းကြပါ။နိုင်ငံတော်အာဏာပိုင်တွေကိုလည်းတင်ပြမယ်။ဒီမှာတော့ဒီလိုသွေးပူနေပြီ။ ဒီလိုအခြေအနေရှိနေပြီ။ဆရာတော်တွေက ဒီလိုဒီလိုဖြစ်နေတယ်။ ကျွန်တော်တို့က ဒီလိုအကြောင်းရှိတယ်။ ကဲ အစ္စလမ် ဘာသာရေး ခေါင်းဆောင်တွေ ဒီမှာ အသိပေးတယ်။နိုင်ငံတော်ကို အသိပေးပါ။ ဆရာတော်ကို အသိပေးပါ။တွေ့ကြပါ ဆုံကြပါ။ ဒါကို ကျွန်တော်တို့က တံတား ထိုးဖို့ လုပ်နေတာပါ”
၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံတွင်းကဘာသာရေး လူမျိုးရေး အဓိက
ရုဏ်းတွေဟာ ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့ပြီးတော့ အခြား ပြည်နယ်နဲ့ တိုင်းတွေကိုပါ ကူးစက်ပြန့်ပွားလာခဲ့တာဖြစ်ပါတယ်ဆိုတဲ့ အကြောင်း
ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှကနေ သတင်းပေးပို့ခဲ့တာဖြစ်
ပါတယ်။
ABC
No comments:
Post a Comment