Wednesday, September 04, 2013

အပျိုတော်အကနဲ့ ခင်ဝင့်ဝါ


Wednesday, September 4, 2013


ခင်ဝင့်ဝါက ဘယ်လာရုစ် မယ်ပြိုင်ပွဲကြီးရဲ့ စွမ်းရည်ပြကဏ္ဍမှာ အပျိုတော်အကနဲ့ အစွမ်းပြဖို့ ပြင်ဆင်သွားခဲ့ ပါတယ်။
အပျိုတော်အက ကပြနေပုံ တချို့ကို သူ့ ဖေ့စ်ဘုတ်မှာ တင်ထားပါပြီ။

မြန်မာပြည်မှာတော့ ဇာတ်ပွဲတွေမှာ ငှက်ပျောပွဲ အုန်းပွဲနဲ့ အပျိုတော်အက ထွက်တာကို ပွဲကြည့်ရင် မြင်ဖူး ကြမှာပါ။


ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့၊ ပါပါလေးတို့အငြိမ့် စတဲ့ အထင်ကရ သဘင်အဖွဲ့တွေကလည်း သူတို့ရဲ့ ပွဲစဉ် တွေကို အစဉ်အလာအတိုင်း အပျိုတော်အကနဲ့ အစပြုတယ်လို့ မှတ်သားဖူးပါတယ်။

မြန်မာစာအဖွဲ့က ၁၉၉၁ မှာ ထုတ်ဝေတဲ့ မြန်မာအဘိဓာန်မှာတော့ အပျိုတော်ကို -
"၁။ မင်းမိဖုရားတို့၏ အမျိုးသမီး ရံရွှေတော်။
၂။ ဇာတ်ရုပ်သေးများတွင် ပွဲဦးထွက် ကပြရသော မိန်းမ" လို့ ဖွင့်ဆိုထားပါတယ်။

အပျိုတော်အက ဆိုတာကို ကိုးကွယ်ယုံကြည်မှုနဲ့ ရောထွေးမပစ်ဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုရဲ့ အစိတ်အပိုင်း တခုအဖြစ် မြင်တတ်ရင် ပိုပြီး သင့်တော်ပါလိမ့်မယ်။

ဆိုခဲ့သလိုပဲ ဘယ်လာရုစ်နိုင်ငံပြိုင်ပွဲတခုကို ရောက်နေတဲ့ မော်ဒယ် ခင်ဝင့်ဝါက မြန်မာ့ရိုးရာအကတခုကို နိုင်ငံတကာသိအောင် မိတ်ဆက်ပေးနေပါပြီ။

အင်တာနက် မြန်နှုန်းမြင့်သူများ အတွက် အပျိုတော်အက၊ အပျိုတော်ယိမ်းများ ကြည့်နိုင်မယ့် လင့်တွေ ဖော်ပြပေးလိုက်ပါတယ်။

အပျိုတော် နတ်ကန်တော့ အက
http://www.youtube.com/watch?v=wOpLiwFnSDo

ရွာစား- ဆိုင်း ဖိုးသင်္ကြန်
သဘင့်ဦးသျှောင် ၀ဏ္ဏကျော်ထင် ဂရိတ်ဦးဘိုးစိန် နှစ် ၁၃၀ ပြည့် အထိမ်းအမှတ် သဘင်အနုပညာရှင်များ၏ အနုပညာဖျော်ဖြေပွဲ

Burmese culture A Pyo Daw dance in london
http://www.youtube.com/watch?v=QGvHV79GrQI

A Pyo Daw Dance (ဂျပန်)
http://www.youtube.com/watch?v=MRinVOrxCq0

ဒီပုံကတော့ ... အပျိုတော်အကလေ့ကျင့်ရင်းခဏနားနေတုန်းလေးပါရှင်.....:):):):):) လို့

ခင်ဝင့်ဝါက သူ့ ဖေ့စ်ဘုတ်မှာ ဆိုထားပါတယ်။

No comments: