Wednesday, September 04, 2013

ဘင်္ဂါလီနှင့် လက်နက်ပါသော စက်လှေတစ်စင်းကို ပင်လယ်ပြင်၌ ဖမ်းဆီး ရမိ


Wednesday, September 4, 2013

မြိတ်ခရိုင်အပိုင်ပင်လယ်ပြင်၌ဘင်္ဂါလီအချို့နှင့်အတူအေကေ၄၇သေနတ်တစ်လက်ကိုပါ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မျိုးမင်းအောင်ကပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့က ကုန်တင် စက်လှေတစ်စင်းကိုပင်လယ်တွင်း၌ တပ်မတော် ရေမှ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ လက်နက်နှင့်အတူ ကျည်တောင့်များတွေ့ရှိခဲ့သဖြင့် တပ်မတော်ရေက ဘင်္ဂါလီ ၅ ဦးနှင့် လှေသား ၁၃ ဦးကို ထိန်းသိမ်းခဲ့ကြောင်း၊ ပြီးနောက် ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ရာ စက်တင်ဘာ လ ၃ ရက်မှစကာ အမှုဖွင့်၍ စစ်ဆေးနေကြောင်း ၄င်းက ဆိုသည်။

”ကျွန်တော်တို့ မြိတ်မြို့မ ရဲစခန်းမှာပဲ အမှုဖွင့်လိုက်ပါတယ်”ဟု ဒုတိယရဲမှူးကြီးက ဆက်ပြောသည်။

သေနတ် ၁ လက်နှင့်အတူ ကျည်တောင့် ၂၁ တောင့်ကို ဖမ်းဆီးရမိခဲ့ပြီး အမှုမှန် ပေါ်ပေါက်ရန် စစ်ဆေးနေပြီဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထပ်ဆိုသည်။

အဆိုပါ ကုန်တင်စက်လှေမှာ မြိတ်မြို့မှ ပင်လယ်သို့ထွက်ခွာလာစဉ် ထိန်းသိမ်းခြင်း ဖြစ် သည်။ လှေသား ၁၃ ဦးနှင့်အတူ ဘင်္ဂါလီ ၅ ဦး စလုံးကို ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပြီး စစ်ဆေး မှု စတင်နေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

Popular Myanmar News Journal

No comments: