Friday, September 20, 2013

မြန်မာခေါင်းဆောင်းတွေ ဦးမော့လာနိုင်ပြီ

Friday, September 20, 2013











ထိုင်း-မြန်မာ ၂ နိုင်ငံ အဆင့်မြင့် ဆွေးနွေးပွဲ တက်ရောက်လာတဲ့ မြန်မာနိုင်ငံက ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းဝန်ကြီးချုပ် မစ္စ ရင်လတ်ရှင်နာဝပ်တို့ တွေ့ဆုံ
ခဲ့ကြတယ်။ ဒီသတင်းတွေ ဟာ ထိုင်း မီဒီယာတော်တော်များများမှာ ထိပ်တန်း သတင်းဖြစ်
ခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာဆိုတဲ့ သင်္ကေတကို အလွယ်တကူ သိစေနိုင်တဲ့
မြန်မာ့ ရိုးရာ စောင်း တူရိယာကို မစ္စ ရင်လတ် ကို လက်ဆောင်ပေးခဲ့တယ်။

ထိုင်း- မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး အဖုအထစ်မဖြစ်စေလိုတဲ့ အရေး၊ အပြောတွေ၊ နွေးထွေး
ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ် ဆိုတဲ့ထိုင်းသတင်းဖော်ပြချက်တွေကို မြင်တွေ့နေရကြောင့်
မြန်မာတဦးအနေနဲ့ ၀မ်းမြောက်စရာပါ။


ထိုင်းနိုင်ငံဟာ အခု ၁ နှစ် ၂ နှစ်ကာလအတွင်းမှာ အရင်ကနဲ့ မတူတဲ့ အသိအမှတ်ပြု ဆက်ဆံရေးမျိုး ရှိလာတာ ထိုင်း သတင်းတွေကို ကြည့်ရင်း သိသိသာသာခံစားရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက လာအလုပ်လုပ်ကြတဲ့သူတွေ သန်းနဲ့ချီရှိကြပြီး ထိုင်းတော်တော်
များများ က မြန်မာကို နှိမ်လိုတဲ့ အကြည့်၊ လူရာမသွင်းတဲ့ လုပ်ရပ်တွေ ရှိခဲ့တယ်ဆိုတာ ထိုင်းရောက် မြန်မာတွေ တော်တော်များများက ကျမကို ပြောပြကြတယ်။

အခုတော့ မြန်မာ ခေါင်းဆောင်တွေ ထိုင်းနိုင်ငံကို လာတိုင်း ထိုင်း အကြီးအကဲတွေ၊ ထိပ်တန်း ပုဂ္ဂိုလ် ဆိုသူတွေက အလေးတယူ ရှိလာ ကြပြီ။

တချိန်က မြန်မာဟာ ဒေသတွင်း နိုင်ငံတွေမှာတောင် လူရာမ၀င်ဆန့်ခဲ့တဲ့ အဖြစ်ကနေ အခုလို နိုင်ငံတကာ နဲ့ ရင် ဘောင်တန်းလာတဲ့ အဖြစ်တွေက မြန်မာဆိုတာ ကမ္ဘာ့အလယ် ဂုဏ်ယူစရာ ဖြစ်လာပါတယ်။

ဒီဂုဏ်ယူစရာအဖြစ်တွေ ဘယ်လိုတည်တံ့အောင် လုပ်မလဲဆိုတာကတော့ နယ်ပယ် အသီးသီး
က မြန်မာ ခေါင်းဆောင်တွေရဲ့ အပေါ်ပဲ မူတည်ပါမယ်။

အခုတော့ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ သတင်းမှတ်တမ်းတွေကို ထိုင်းဝန်ကြီး ချုပ် မစ္စ ရင်လတ်က သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်ပေါ်မှာတောင် အခုလို တခန်း တနား ဖော်ပြလာတာ အားလုံးသိရစေဖို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ဧရာဝတီblog

No comments: