Friday, 20 September 2013
စစ်ကိုင်းတိုင်းမုံရွာခရိုင်လက်ပံတောင်းတောင်ဒေသကြေးနီစီမံကိန်းအတွက်သိမ်းဆည်းထားတဲ့မြေယာတွေရဲ့လျော်ကြေးငွေတစ်ဝက်လောက်ကိုဒေသခံတွေထုတ်ယူပြီးရင်ကြေးနီစီမံကိန်းကိုပြန်လည်စတင်မှာဖြစ်တယ်လို့သက်ဆိုင်ရာဒေသအာဏာပိုင်တွေကစက်တင်ဘာလ၁၉ရက်နေ့မှာကြေညာလိုက်ပါတယ်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက်လယ်မြေဧက၇၀၀၀ကျော်သိမ်းဆည်းထားပြီးအဲဒီထဲကလျော်ကြေးငွေ မထုတ်ယူသေးသူ၅၇%ရှိနေပြီးထုတ်ယူသူ၅၀%ရှိတဲ့အခါလုပ်ငန်းတွေစတင်မယ်လို့လက်ပံတောင်းတောင် အစီရင်ခံစာအကော်အထည်ဖော်ရေးလုပ်ငန်းကော်မတီကကြေညာလိုက်တာဖြစ်ပြီးမြေယာလျော်ကြေးတွေကိုယခုလ၃၀ရက်နေ့ နောက်ဆုံးထားထုတ်ယူဖို့လည်းကြေညာထားပါတယ်။
သတ်မှတ်ချိန်အတွင်းလျော်ကြေးငွေမထုတ်ယူခဲ့ရင်အဲဒီလျော်ကြေးငွေတွေကိုဒေသဖွံဖြိုးရေးလုပ်ငန်းတွေမှာအသုံးပြုသွားမယ်လို့လည်းပြောဆိုခဲ့ပါတယ်။သိမ်းဆည်းမြေတွေမှာထွန်ယက်စိုက်ပျိုးဖို့လုပ်လာမယ်ဆိုရင်တော့အရေးယူသွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောဆိုခဲ့တဲ့အကြောင်း လက်ပံတောင်းတောင် အရေး တက်ကြွလှုပ်ရှားသူကိုဟန်ဝင်းအောင်ကပြောပြပါတယ်။
“၁၀၀ မှာ၅၀ရာခိုင်နှုန်းပြည့်သွားရင်ထုတ်ယူရမယ့် လယ်ဧက ရာခိုင်နှုန်းတစ်ဝက်လောက်ကို ထုတ်ယူပြီဆိုတာနဲ့ သူတို့ စီမံကိန်းကို စတော့မှာ ဖြစ်ကြောင်း အဲဒီကျရင် မြေလျော်ကြေးထုတ်ယူတဲ့ လယ်သမား ဖြစ်စေ မထုတ်ယူတဲ့ လယ်သမားဖြစ်စေ ဒီမြေတွေမှာ မူလလယ်မြေတွေမှာထွန်ယက်လုပ်ကိုင်ခွင့်ပေးတော့မှာမဟုတ်ဘူး။လျော်ကြေးမယူလည်းဝင်ထွန်တယ်ဆိုရင် သူတို့ဖမ်းမယ်ဆိုတဲ့ အကြောင်း ရဲမှူးကြီး နေထွန်းက တရားဝင်ပြောတယ်”
ဒါ့အပြင် သိမ်းဆည်းထားတဲ့ လယ်မြေတွေမှာလယ်ယာမြေသိမ်းဆည်း
ထားတယ်ဆိုတဲ့ အမှတ်အသား အလံတွေ လုံထိမ်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်တွေကပဲ စိုက်ထူခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီလိုမျိုး ဖိအားပေးမှုတွေ ပြင်းထန်လာတဲ့အတွက် လယ်သမားတွေအနေနဲ့ မတရားတဲ့ အမိန့်အာဏာတွေကို ဂရုမစိုက်တော့ဘဲ အဖမ်းဆီးခံပြီး ဆက်လက် လုပ်ဆောင်သွားရမယ့်အနေအထားဖြစ်နေတယ်လို့ ကိုဟန်ဝင်းအောင်ကပြောဆိုခဲ့ပါတယ်။
အဓိကကတော့ဗျာသူတို့မှာအာဏာရှိတယ်လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့အရင်ဒီစစ်အာဏာရှင်လက်ထက်က ပုံစံအတိုင်း ဒီနေ့အချိန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပက်သက်ပြီး သူတို့တစ်ဖက်သက်
ဆောင်ရွက်မယ်ဆိုရင် လယ်သမားတွေအနေနဲ့တော့ နောက်ဆုတ်မှာ မဟုတ်ဘူး အဖမ်းအဆီးခံပြီးတော့ တရားမျှတတဲ့အခွင့်အရေးတွေကိုဆက်လက်တောင်းဆိုသွားဖို့ မတရားတဲ့အမိန့်အာဏာကိုဂရုစိုက်တော့မှာ မဟုတ်ဘဲနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဖော်ထုတ်သွားမယ်။ တက်နိုင်
သမျှတော့ ကျွန်တော်တို့က မတရားတဲ့ အမိန့်အာဏာနဲ့ တဖက်သက် ဖမ်းဆီးမှုကို အလွယ်တကူ ယုန်လေးတွေ ကြောင်လေးတွေလို အဖမ်းခံ
သွားမှာ မဟုတ်ဘူး”
လက်ပံတောင်းတောင် ဒေသမှာ ယခုရက်ပိုင်းအတွင်း ယခင် အကြမ်းဖက်မှု
ဖြစ်ပွားခဲ့စဉ်က တာဝန်ယူခဲ့တဲ့ ဒေသအာဏာပိုင်တွေ ပြန်လည် ရောက်
ရှိနေပြီး ဒေသခံတွေအနေနဲ့လည်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရင်တော့ တက်နိုင် သမျှ ထိခိုက်မှုနည်းအောင် ကာကွယ်ဆောင်ရွက်သွားဖို့အတွက်
ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ABC
No comments:
Post a Comment