Friday, September 20, 2013

ကချင်ပြည်နယ်အကြောင်း မှတ်တမ်း ရုပ်ရှင် ပြသမည်

Friday, September 20, 2013

ကချင်ပြည်နယ်က လျစ်လျူရှုခံထားရတဲ့ စစ်ပွဲတွေ၊ တန်းတူညီမျှမှု မရှိမှုတွေအကြောင်း မှတ်တမ်း ဗီဒီယို ပြသပွဲ တခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြား သတင်းထောက်များ အသင်း၌ မနက်ဖြန် မနက် ၁၀ နာရီခွဲတွင် ကျင်းပသွားဖို့ ရှိပါတယ်။

သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆို တာကြောင့် နိုင်ငံ တကာက လည်း ချီးမွမ်းထောပနာ ပြုနေချိန်မှာ အခု အသစ်ထွက်လာတဲ့ မှတ်တမ်းရုပ်ရှင်ကြောင့် အစိုးရ ရဲ့ လက်ရှိ လုပ်ငန်းစဉ် တွေဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်မှ ဖော်နိုင်ပါ့မလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာမှာပါလို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။

Guns, Briefcases And Inequality: The Neglected War In Kachin State လို့ အမည်ရတဲ့ မှတ်တမ်း ရုပ်ရှင်ကို ဒါရိုက်တာ Daniel Quinlan က ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

တရားမျှတမှုမပေးနိုင်တဲ့ တိုင်းရင်းသား ဒေသတွေမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက် ကိုင် ပဋိပက္ခတွေဟာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ သဘာဝအရင်းအမြစ်ဆိုင်ရာ စီမံမှုတွေနဲ့ ဘယ်လိုပတ်သက် နေတယ်ဆိုတာလဲ မီးမောင်းထိုးပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အဓိက ဖြစ်စေတဲ့အကြောင်းတွေဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ တိုင်းရင်း သား အခွင့်အရေးကင်းမဲ့နေမှု၊ တန်းတူညီမျှမှုမရှိမှုတွေ တပြိုင်တည်းမှာ ချုပ်ငြိမ်းသွားစေဖို့ဆိုတာ တိုင်းရင်း သားလူမျိုးစု အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ မြန်မာအစိုးရအနေနဲ့လုပ်ဖို့ လိုအပ် တယ်ဆိုတာ ဒီမှတ်တမ်း ရုပ်ရှင်က ဖော်ကျူးထားတယ်လို့ သိရပါတယ်။

မှတ်တမ်းရုပ်ရှင်ပြပွဲမှာ ကချင် လူမှု အဖွဲ့အစည်း (Kachin civil society)၊ လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Fortify Rights International၊ တိုင်းရင်းသား မီဒီယာတွေနဲ့ စုစည်းထားတဲ့ Burma News International-BNI တို့က မြန်မာပြည်က တိုင်းရင်းသားဒေသတော်တော်များများနဲ့ အထူးသဖြင့် လတ် တလော ပဋိပက္ခတွေဖြစ်နေတဲ့ ကချင် ပြည်နယ်က အကြောင်းတွေကို အကြောင်းအရာမျိုးစုံနဲ့ ဆွေးနွေး သွားကြဖို့လည်း ရှိပါတယ်။

ဧရာဝတီ

No comments: