Wednesday, September 11, 2013

ရှေးဟောင်းအဆောက်အအုံများ ကမ္ပည်းတပ်ဆင်ခြင်း ယခုလကုန်စမည်


 Wednesday, September 11, 2013 
ရန်ကုန်မြို့တော်ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများတွင်မှတ်တမ်းတင်ကမ္ပည်းပြားများရေးထိုးတပ်ဆင်မည့်အစီအစဉ်ကိုအစောဆုံးယခုလကုန်ပိုင်းမှစတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းရန်ကုန်မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအသင်း(YangonHeritageTrustမှတာဝန်ရှိသူအမျိုးသမီးတစ်ဦးကပြောကြားသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီ Philips တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တစ်မြို့လုံးရှိ ရှေးဟောင်းအဆောက်အအုံ ၂၀၀ နီးပါးတွင် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကျော် အကုန်အကျခံ တပ်ဆင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။ "ရက်ကတော့အတိအကျပြောလို့ မရသေးဘူး။ နောက်လထဲ ရောက်သွား မှာပေါ့" ဟု ၄င်းကပြောဆိုသည်။ 

 မူလအစီအစဉ်အရ ယခုစက်တင်ဘာလ အတွင်း စတင်တပ်ဆင်မှုများ ပြုလုပ် ရန် စီစဉ်ထားခြင်းဖြစ်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး အသင်းမှ လေ့လာ စာရင်းပြုစုထားသော ရှေးဟောင်း အဆောက်အအုံ၂၀၀ နီးပါးတွင်၂ နှစ်အတွင်းအပြီးသတ်တပ်ဆင်မည်ဖြစ်ကြောင်းကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် အဆိုပါအဖွဲ့အစည်းနှစ်ခုကပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။ရန်ကုန်မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအသင်းကို၂၀၁၂ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီးရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကမ္ပည်းပြားတွင် သက်ဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ၏ သမိုင်းအကျဉ်း ချုပ်များ ရေးထိုးထားမည် ဖြစ်သည်။

 The Voice Weekly

No comments: