Thursday, September 19, 2013
နိုင်ငံရေး အကျဉ်းသူဟောင်းမဖြိုးဖြိုးအောင်ဟာ အကျဉ်းထောင်က ပြန်လွတ်မြောက်လာပြီး ၉ လ အကြာ မှာတော့ နိုင်ငံသား စိစစ်ရေး ကတ်ပြား ရပြီဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို ရေးထားပါတယ်။
"ကိုးလ တင်းတင်း အမျိုးစုံစိစစ်( ရစ်) ခြင်းများကို ဇနကထုံးနှလုံးမူ၍ မလျော့သောဇွဲဖြင့်ရင်ဆိုင်ခဲ့ပြီး သကာလ.... မှတ်ပုံတင်ရပြီဗျို့  နိုင်ငံသားသေချာပြီဲ" ဆိုပြီး မဖြိုးဖြိုးအောင်က ဆိုပါတယ်။
အခုလို ကျောင်းသား အရေး တက်ကြွလှုပ်ရှားသူ မဖြိုးဖြိုးအောင် ကတော့နိုင်ငံသား ကတ်ပြန်ရဖို့ ဇွဲ မလျှော့ ပဲ ကြိုးစားတိုက်တွန်းခဲ့ရတယ်လို့ ဆိုပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံး ပါဝင်ရေး အကောင်အထည်ဖော်နေတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရလက်ထက်မှာ ဒီနိုင်ငံမှာ မွေး၊ ဒီနိုင်ငံမှာ ကြီးပြင်း၊ ကျောင်းတက်ခဲ့ ရင်း နိုင်ငံရေး အရ ဖမ်းဆီးခံရပြီး နိုင်ငံသား ကတ်ပြန်ရရေးအတွက် ဒီလိုအခက်အခဲတွေရှိနေတယ်ဆိုတာ မဖြစ်သင့်ပါဘူး။
အခုလို နိုင်ငံသား ကတ်ပြန်လည် ရရှိဖို့ အခက်အခဲတွေများစွာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဘယ်လောက်တောင် များနေလည်းဆိုတာ မသိနိုင်ပါဘူး။
ဧရာဝတီ

No comments:
Post a Comment