Wednesday, September 11, 2013
လေ့လာမှုတစ်ရပ်တွင်နေ့စဉ်အချိန်ကြာမြင့်စွာအထိုင်များသူတို့သည်ဆီးချိုရောဂါ၊နှလုံးရောဂါနှင့်သေဆုံးနိုင်သောအန္တရာယ်ပိုမိုတိုးတက်လာနိုင်ကြောင်းတွေ့ရှိရသည်။လက်စတာတက္ကသိုလ်ဆီးချိုရောဂါသုတေသနဌာနစုကလူနာ၇၉၄၅၇၇ဦးတို့ကိုမတူညီသည့်စမ်းသပ်လေ့လာမှု၁၈နာရီအချိန်ကြာကြာထိုင်သူများသည်ဆီးချိုရောဂါ၊နှလုံးရောဂါနှင့်သေဆုံးနိုင်သည့်အန္တရာယ်နှစ်ဆခန့်တိုးလာသည်ကိုတွေ့ရှိခဲ့ရသည်။ထို့ကြောင့်ကျန်းမာသောသူအများစုတို့သည်ကာလကြာရှည်ထိုင်ခြင်းဖြင့်အန္တရာယ်ဖြစ်နိုင်ဖွယ်ရှိသည်ဟုအကြံပြုထားပါသည်။အရွယ်ရောက်သူများသည်၎င်းတို့၏အချိန်၅ဝမှ၇ဝရာခိုင်နှုန်းကိုထိုင်ခြင်းဖြင့်ကုန်ဆုံးစေပြီးယခုတွေ့ရှိချက်က အကျိုးရှိသော ရလဒ် တစ်ခုဖြစ်စေနိုင်သည်။
လက်စတာ ဆီးချိုရောဂါသုတေသနဌာနမှ သုတေသန ပညာရှင်နှင့် လေ့လာသူ တစ်ဦးဖြစ်သူ ဒေါက်တာ အမ်မာက ပြော ကြားသည်။ ထိုင်သည့် အချိန်ကို ကန့်သတ် လိုက်ခြင်းဖြင့် မိမိတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးမှု အန္တရာယ်ကို လျှော့ချ နိုင်ကြောင်းဖြင့် ၎င်းက ထပ်လောင်း ပြောကြားသည်။
လေ့လာမှုအရ ဆီးချိုရောဂါနှင့် အချိန်ကြာကြာ ထိုင်ခြင်းတို့ ဆက်စပ်နေပြီး မျိုးရိုးလိုက် ဆီးချိုရောဂါ ရှိသူ သို့မဟုတ် တောင်အာရှ ဒေသမှ လူမျိုးစုများ၊ အဝလွန်သူများ ကဲ့သို့သော ဆီးချိုဝေဒနာရှင် များအတွက် အရေးကြီးသည့် သတင်းတစ် ရပ် ဖြစ်ပါသည်။ ထို့အပြင် အချိန်ကြာကြာ ထိုင်သည့် အလေ့အထကို ကန့်သတ် ခြင်းဖြင့် ဆီးချို ဝေဒနာရှင်များ နောက်ထပ်ဖြစ်
ပေါ်လာမည့် အန္တရာယ် ကို လျှော့ချရန် အကူအညီ ပေးနိုင်ဖွယ် ရှိကြောင်း သိရသည်။
စားပွဲတစ်လုံး၊ ကွန်ပျူတာ တစ်လုံးဖြင့် အချိန်ကြာကြာ ထိုင်၍ အလုပ်လုပ် နေသူ များ အားလုံး အချိန်ကြာမြင့်စွာ ထိုင်နေခြင်း ထက် လှုပ်ရှားမှုများ ပြုလုပ်ကြရန်၊အထူး သဖြင့် နေ့လယ် စာစားချိန်၊ နားချိန်တို့တွင် လမ်းလျှောက်ခြင်းနှင့် ရုပ်/သံ ကြည့်ချိန်ကဲ့သို့ ထိုင်သည့် အချိန်များ အစား တစ်စုံ တစ်ခုကို လုပ်ကိုင်ကြ ရန် လော့ဂ် ဘရော့ တက္ကသိုလ်မှ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ လှုပ်ရှားမှု ပါမောက္ခ စတပ် ဘစ်ဒယ်လ်က အကြံပြု ပြောကြား ထားသည်။ သို့ဖြစ်၍ ဆီးချို ရောဂါ၊
နှလုံး ရောဂါရှိသူများ၊ အချိန် ကြာကြာ ထိုင်၍ အလုပ်လုပ် ကြရ သော သူများ ကျန်းမာရေး အထောက်အကူ ဖြစ်စေရန်နှင့် ရောဂါ သက်သာ စေ ရန် ကိုယ်လက် လှုပ်ရှားမှုများ လုပ်ဆောင် သွားသင့်ကြောင်း အကြံပြု လိုက်ပါသည်။
မင်းသုနိုင်
No comments:
Post a Comment