Wednesday, September 11, 2013
ဇီဒန်းသတ်မှတ်သောမက်ဆီထက်ကောင်းသည့်ကစားသမားနှစ်ဦးရီးရဲလ်မက်ဒရစ်နှင့်ပြင်သစ်ဂန္တ၀င်ဇီဒန်က၎င်းအတွက်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ရီဘာရီတို့သည်ဘာစီလိုနာစူပါစတားမက်ဆီထက် ထူးချွန်သော ကစားသမားများဖြစ်ကြောင်းမှတ်ချက်ပြုလိုက်သည်။အကောင်းဆုံးကစားသမားဆုနှင့်ပတ်သက်ပြီး ဇီဒန်းက - "ကမ္ဘာ့
အကောင်းဆုံး ကစားသမား နှစ်ဆုကို ပေးခွင့် ရမယ်ဆိုရင်၊ တစ်ဆုကို ခရစ္စတီယာနိုကိုပေးမယ်၊ နောက်တစ်ဆုကိုရီဘာရီကိုပေးမယ်၊သူတို့နှစ်ယောက် စလုံးဟာ ဒီဆုနဲ့ ထိုက်တန်တဲ့ ကစားသမားတွေပါ၊ စိတ်မကောင်း စရာကတော့ ဒီဆုက တစ်ယောက်တည်းကိုပဲ ပေးလို့ ရတယ်" ဟု ပြောကြား သွားခဲ့သည်။
ယခုနှစ်အတွက်ဥရောပ အကောင်းဆုံးဆုကို ရီဘာရီက ဆွတ်ခူး ရရှိခဲ့ပြီး၊ ကမ္ဘာ့အကောင်းဆုအတွက်ကိုမူ မကြာခင် မဲပေး ရွေးချယ် တော့မည်ဖြစ်ပြီး၊ ဇီဒန်းက အဆိုပါ ဆုသည် စီရော်နယ်ဒိုနှင့် ရီဘာရီတို့ နှစ်ဦးစလုံးဖြင့် ထိုက်တန်ကြောင်း ပြောကြား သွားခဲ့သည်။
YoYarLay
No comments:
Post a Comment