Wednesday, 04 September 2013
ရန်ကုန်တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌဟောင်းဒေါ်စန်းစန်းမော်နှင့်ဗီဒီယိုထုတ်လုပ်ရေးအဖွဲ့များသည်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအားစက်တင်ဘာ၂၁ရက်တွင်ထပ်မံဆန္ဒပြဖြစ်ပြီးယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ်၊
ခရိုင်တို့မှတစ်ဆင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့စက်တင်ဘာ၃ရက်တွင်ခွင့်ပြုမိန့်တောင်းဆိုထားကြောင်း စုဗီဒီယိုထုတ်လုပ်ရေးမှ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌဟောင်းဒေါ်စန်းစန်းမော်က မဇ္ဈိမသို့ ပြောကြားသည်။
ဆန္ဒပြပွဲတွင် ထုတ်လုပ်ရေးသမားများအပါအ၀င် တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်များရှိ ကိုယ်စားလှယ်များလည်း ပါဝင်ပြသကြမည်ဖြစ်သည်။
“ယခုဆန္ဒပြကြတဲ့သူတွေရဲ့ဇာတ်ကားသစ်တွေကို ပေးမရောင်းတော့ဘူး။ဆိုင်သစ်တွေမှာတင်ခွင့်မပေးတော့ဘူး။ အကန့်အသတ်မရှိ ပိတ်ပစ်လိုက်တယ်။
ထုတ်လုပ်သူရဲ့ ရပိုင်ခွင့်တွေကို ရက်အကန့်အသတ် မရှိ ပိတ်ခြင်းခံရတယ်။ အဲဒါ
ဦးစိုးသိန်းကပိတ်လိုက်တယ်။ ဒါကြောင့် ဆန္ဒပြကြတာ။ အခုဆန္ဒပြပွဲမှာ
ပိုက်ဆံပေးပြီးခေါ်တဲ့သူတွေ ရှိတယ်ဆိုရင် ခေါ်လာခဲ့ပါ။ အခုဆန္ဒ ပြပွဲအတွက်
အင်တာနက်ကနေပြီး ဖိတ်ခေါ်မှာပါ”ဟု ၎င်းက ပြောသည်။
ဒေါ်စန်းစန်းမော်ဦးဆောင်သည့်ဆန္ဒပြမည့်အဖွဲ့များသည်၃၅လမ်း၊၃၆လမ်းတို့ကိုပတ်ပြီးသမ္မတရုပ်ရှင်ခုံးမှ ရွှေတိဂုံလမ်း အတိုင်းပတ်ပြီး
ရေခဲဆိုင်မှတ်တိုင်မှနေပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်းတွင် ပြသကြမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌဟောင်းဒေါ်စန်းစန်းမော်နှင့်ဗီဒီယိုထုတ်လုပ်ရေးအဖွဲ့များသည်
ဆန္ဒပြပွဲတွင် ထုတ်လုပ်ရေးသမားများအပါအ၀င် တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်များရှိ ကိုယ်စားလှယ်များလည်း ပါဝင်ပြသကြမည်ဖြစ်သည်။
“ယခုဆန္ဒပြကြတဲ့သူတွေရဲ့ဇာတ်ကားသစ်တွေကို ပေးမရောင်းတော့ဘူး။ဆိုင်သစ်တွေမှာတင်ခွင့်မပေးတော့ဘူး။ အကန့်အသတ်မရှိ ပိတ်ပစ်လိုက်တယ်။ ထုတ်လုပ်သူရဲ့ ရပိုင်ခွင့်တွေကို ရက်အကန့်အသတ် မရှိ ပိတ်ခြင်းခံရတယ်။ အဲဒါ ဦးစိုးသိန်းကပိတ်လိုက်တယ်။ ဒါကြောင့် ဆန္ဒပြကြတာ။ အခုဆန္ဒပြပွဲမှာ ပိုက်ဆံပေးပြီးခေါ်တဲ့သူတွေ ရှိတယ်ဆိုရင် ခေါ်လာခဲ့ပါ။ အခုဆန္ဒ ပြပွဲအတွက် အင်တာနက်ကနေပြီး ဖိတ်ခေါ်မှာပါ”ဟု ၎င်းက ပြောသည်။
ဒေါ်စန်းစန်းမော်ဦးဆောင်သည့်ဆန္ဒပြမည့်အဖွဲ့များသည်၃၅လမ်း၊၃၆လမ်းတို့ကိုပတ်ပြီးသမ္မတရုပ်ရှင်ခုံးမှ ရွှေတိဂုံလမ်း အတိုင်းပတ်ပြီး ရေခဲဆိုင်မှတ်တိုင်မှနေပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်းတွင် ပြသကြမည် ဖြစ်သည်။
No comments:
Post a Comment