Friday, September 06, 2013

မန္တလေးတန်ဖိုးနည်းအိမ်ရာ စီမံကိန်း ခုနစ်လအတွင်း အပြီး တည်ဆောက်မည်

Friday, September 6, 2013 
မန္တလေးမြို့တော်တွင်တည်ဆောက်မည့်တန်ဖိုးနည်းအိမ်ရာစီမံကိန်းကိုလာမည့်၂၀၁၄ခုနှစ်မတ်လတွင်အ ပြီးတည်ဆောက်၍ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အအုံနှင့်ကုန်ရုံဌာနဌာနမှူးဦးမျိုးအောင်ကပြောကြားသည်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်တွင် တည်ဆောက်မည့် အဆိုပါ စီမံကိန်းသည် မမ-၁၅နှင့် မမ၂၆တွင်တိုက်ခန်းပေါင်း၁၃၄၄ခန်းပါဝင်မည်ဖြစ်ကာအဆောက်အအုံပေါင်း၅၇လုံးကိုပထမအဆင့်အနေ နှင့်တည်ဆောက်သွားမည်ဖြစ်ပြီးဆောက်လုပ်မှုပြီးစီးပါကအဆိုပါမြေနေရာများတွင်ရောင်းမှားဝယ်မှားဖြစ်ခဲ့ သူများကို ဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အခုစီမံကိန်းစနေပါပြီ။သိပ်မကြာခင်မှာအတွင်းရေးမှူးဦးဆောင်တဲ့အဖွဲ့နဲ့ရောင်းမှား၊ဝယ်မှားဖြစ်ခဲ့တဲ့သူတွေကိုခေါ်ယူပြီးဆွေးနွေးမယ်။ရောင်းမှား၊ဝယ်မှားဖြစ်ခဲ့သူဘယ်နှဦးရှိလဲဆိုတာမြို့ပြစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှုဌာနက စာရင်းကောက်ထားတဲ့အတိုင်း ရောင်းပေးမှာပါ။ ပိုင်ဆိုင်မှု အနေနဲ့ကတော့ မြေယာပိုင်ဆိုင်မှု မပါဘူး။ ဒါပေမဲ့သားစဉ်မြေးဆက်ရောင်းချပိုင်ခွင့်တော့ရမယ်။ ဘယ်သူတွေဝယ်မယ် မဝယ်ဘူးဆိုတာ ခုချိန်မှာတော့ ပြောလို့မရသေးဘူး” ဟု ၎င်းကဆိုသည်။

ဆောက်လုပ်မည့်အခန်းပုံစံများမှာရှစ်ခန်းတွဲလေးထပ်အဆောက်အအုံတွင်လေးပွင့်ဆိုင်အခန်းပုံစံများဖြစ် ပြီးမမ၁၅တွင်ဆောက်လုပ်မည့်တိုက်ခန်းတွင်အိပ်ခန်းတစ်ခန်း၊ဧည့်ခန်း၊မီးဖိုခန်းနှင့်ရေချိုးခန်းနှင့်အိမ်သာတွဲလျက်အခန်းတစ်ခန်းစီ၊မမ၂၆တွင်ဆောက်လုပ်မည့်တိုက်ခန်းတွင်အိပ်ခန်းနှစ်ခန်း၊ဧည့်ခန်း၊မီးဖိုခန်းနှင့်ရေ ချိုးခန်းနှင့်အိမ်သာတွဲလျက်အခန်းတစ်ခန်းစီနှင့်အဆောက်အအုံတိုင်းတွင်အရေးပေါ်လှေကားများပါဝင်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

အိမ်ရာတန်ဖိုးများကို အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အလိုက် ဈေးနှုန်း ခွဲခြားသတ်မှတ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ပထမထပ်၏ အမြင့်ဆုံးဈေးနှုန်းမှာ ကျပ်သိန်းတစ်ရာအောက် လျော့နည်းမည် ဖြစ်ကြောင်း အဆိုပါဌာနမှူးက ထပ်မံပြောကြားသည်။ 

 The Voice Weekly

No comments: