Friday, September 6, 2013
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးမျိုးပေးချေရသည့်တိုင်ဂါရတ်သ်ဘေးလ်အတွက်ပွဲထွက်နေရာအာမခံချက်ရှိမည်မဟုတ်ဟုရီးယဲလ်မက်ဒရစ်လက်ထောက်နည်းပြပေါလ်ကလီးမန့်ကပြောကြားလိုက်သည်။တော့တင်ဟမ် ဟော့စပါး အသင်းမှ ဝေလလက်ရွေးစင် ဘယ်တောင်ပံကစားသမားကိုရီးယဲလ်ကစတာလင်ပေါင်၈၆)သန်းတန်ကမ္ဘာ့စံချိန်တင်ဈေးနှုန်းမျိုးဖြင့်ဝယ်ယူခဲ့သော်လည်းဘာနေဗျူးတွင်အမြဲတမ်းပွဲထွက်နေရာရရန်အတွက် ကိုယ်တိုင် ရုန်းကန် ကြိုးစားရလိမ့်မည်ဟု ကလီးမန့်က သတိပေးခဲ့သည်။
ဘေးလ်သည် နွေရာသီ ဈေးကွက်
ပိတ်ရက်တွင် ရီးယဲလ်နှင့် စာချုပ်ဖြစ်ခဲ့ပြီး ကလီးမန့်က ဘေးလ်အတွက် စိန်ခေါ်မှုများစွာက စောင့်ကြိုနေမည်ဟု သုံးသပ်ခဲ့သည်။
"ရီးယဲလ်မှာက နေရာအားပြိုင်မှုတွေ အရမ်းကို များပြားပါတယ်။ အသင်းမှာ ဘယ်ကစားသမားမှ ဘာအတွက်မှ အာမခံချက် မရနိုင်ပါဘူး"ဟု ကလီးမန့်က မှတ်ချက်ပြုခဲ့သည်။၎င်းက"နည်းပြကာလိုအန်ဆလော့တီအနေနဲ့ဘေးလ်ရော၊တခြား ကစားသမားတွေမှာပါ ရှိနေတဲ့ ကွဲပြားတဲ့ စွမ်းရည်တွေကို သင့်တော်အောင် စီမံသုံးစွဲနိုင်စွမ်း ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ဘေးလ်ဟာ နေရာစုံ ကစားတတ်တာ အားသာချက် တစ်ခု
ပါပဲ။ သူဟာ ဆောက်သမ်တန်မှာ ဘယ်နောက်ခံလူ အနေနဲ့ ကစားခဲ့တယ်။စပါးမှာဘယ်ခြမ်းကွင်းလယ်လူဖြစ်လာတယ်။ခုတော့ ပိုပြီး အလယ်ထဲ ဝင်ကစားရနိုင်ပါတယ်။ သေချာတာကတော့ သူက စွယ်စုံရ ကစားသမား
မျိုးပါ"ဟုလည်း ဆိုသည်။
၎င်းက"ရီးယဲလ်အဆင့်မှာကစားသမားတွေဘယ်လိုအံဝင်အောင်ကစားနိုင်မယ်ဆိုတာကစိတ်ဝင်စားစရာပါ။အသင်းမှာကစားသမားသစ်တွေနဲ့ စုဖွဲ့မှုပုံစံသစ်ဖြစ်လာပါပြီ။
ကျွန်တော်တို့လုပ်ရမှာကကစားသမားတွေရဲ့ အကောင်းဆုံး အရည်
အသွေးတွေကို ထုတ်နုတ်ပြီး အကောင်းဆုံး အသင်းတစ်ခုကို မြန်နိုင်
သမျှမြန်မြန် ဖွဲ့စည်းဖို့ပါပဲ"ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။
Planet Myanmar Network

No comments:
Post a Comment