Monday, September 09, 2013

ဆလုံလူမျိုးတို့၏ဘ၀ကိုဖော်ကျူးပြသမည့်ဓာတ်ပုံစာအုပ်နှင့်ပြပွဲကိုထားဝယ်မြို့တွင်ကျင်းပမည်


 Monday, 09 September 2013
မြန်မာနိုင်ငံတောင်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးမြိတ်ကျွန်းစုများတွင်နေထိုင်ကြသောဆလုံလူမျိုးတို့၏ရိုးသားစွာနေထိုင်စားသောက်သည့်ဘ၀ကိုထားဝယ်သားပြည်စိုးထွန်းပန်းချီရိုက်ကူးထားသောဓာတ်ပုံများကိုစုစည်း၍THE LIGHTS INFRONT OF MY LENSအမည်ဖြင့် စာအုပ်ထုတ် ဝေမည်ဖြစ်ပြီး ၎င်းရိုက်ကူးထား သောဆုရဓာတ်ပုံများနှင့်ဆလုံ တို့၏ဘ၀၊ မြိတ်ဒေသရှုခင်းဓာတ် ပုံများ ပြပွဲကိုထားဝယ်မြို့တော် ခန်းမတွင် အောက်တိုဘာ (၁၇)၊ (၁၈)၊ (၁၉) ရက်တို့တွင် နံနက် (၈)နာရီမှည (၇) နာရီအထိပြသ မည်ဟုသိရသည်။ 


အဆိုပါ ဓာတ်ပုံစာအုပ်နှင့် ပြပွဲဖြစ်မြောက်ရေးကို ထားဝယ် ယူနိုက်တက် ဂရု(ပ်) ကုမ္ပဏီလီမီ တက်မှ အဓိကပံ့ပိုးကူညီပေးပြီး စာအုပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ရိုက်နှိပ်ကာ မြန်မာနိုင်ငံတွင် ကျပ်ငွေတစ် သောင်း ကျော်ဖြင့်ပြန်လည်ဖြန့် ချီရောင်းချမည်ဟုသိရသည်။ ““တနင်္သာရီတိုင်းအတွင်းက ရေသယံဇာတ၊ မြေသယံဇာတ တွေကိုသူ့ရဲ့ ဓာတ်ပုံပညာနဲ့ အလှပုံရိပ်တွေကို ကမ္ဘာကမျက် ၀ါးထင်ထင်တွေ့မြင်လာပြီး စီးပွား ရေးအရ နိုင်ငံခြားရင်းနှီးမြှပ်နှံလိုသူ တွေပို၍များပြားလာမှာဖြစ်သလို ရှေးဦးမြန်မာလူမျိုးဖြစ်တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား မြိတ်ကျွန်းစုမှ ဆလုံလူမျိုးတို့ရဲ့ ချစ်စဖွယ်ကောင်းတဲ့ ရိုးရာယဉ် ကျေးမှုဓလေ့တွေကို ဓာတ်ပုံတွေ က ထင်ဟပ်ပြမှာမို့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေလည်း ပိုမို ၀င်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင်မို့ ကျွန်တော်တို့ရဲ့တိုင်း ဒေသကြီးမှာ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာမှာဖြစ်သလို စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု(GDP) စံနှုန်းကို လည်းများစွာအထောက်အကူပြု နိုင်မှာမို့ အခုလုပ်မဲ့ဓာတ်ပုံပြပွဲနဲ့ စာအုပ်ထုတ်ဝေမဲ့ ရည်ရွယ်ချက်ကို ဂုဏ်ယူ ၀မ်းမြောက်စွာ ကြိုဆိုပါကြောင်း””တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကဆိုသည်။

ကျွန်တော်ကသူငယ်တန်းကလေးဘ၀ကထဲက ပန်းချီဝါသ နာပါခဲ့ပြီး အထက်တန်းကျောင်းသား ဘ၀ရောက်တော့အလင်္ကာ ကျော်စွာပန်းချီ ဆရာကြီး ဦးငွေကိုင် ရဲ့တပည့်ဆရာဦးအောင်ထွေးဆီမှာ အနီးကပ် သင်ကြားခဲ့ပါတယ်။ ပန်း ချီပြပွဲကိုလည်း နှစ်ကြိမ်လုပ်ပြီးပါပြီ၊ ဓာတ်ပုံပြိုင် ပွဲတွေမှာလည်း ဆုတွေ အကြိမ်ကြိမ်ရခဲ့ပြီး မြန်မာနိုင်ငံ ဓာတ်ပုံအသင်း မှာလည်း မိမိတတ်တဲ့ဓာတ်ပုံပညာကိုပြန့်ပွားဖို့ ဆောင်ရွက်နေပါတယ်။ အခုလုပ်တဲ့ပြပွဲနဲ့ထုတ်မဲ့စာအုပ်ဟာ မိခင်ဒေသကို ကျေးဇူးဆပ်တဲ့ အနေနဲ့ပြုလုပ်ခြင်းဖြစ်းပါတယ်””ဟု ပြည်စိုးထွန်း(ပန်းချီ)ကရင်ဖွင့်ပြော ကြားခဲ့သည်။

 Hot News Journal

No comments: