Monday, September 09, 2013

Miss World 2013 ပြိုင်ပွဲ နေရာ ပြောင်းရွှေ့ ကျင်းပ


 Monday, 09 September 2013
ကမ္ဘာ့အလှမယ်(MissWorld2013ပြိုင်ပွဲကိုလာမယ့်စက်တင်ဘာလ၈ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံဂျကာတာမှာကျင်းပဖို့စီစဉ်ထားတာကန့်ကွက်မှုတချို့ရှိတာကြောင့်နေရာပြောင်းလိုက်ပါပြီ။သဘောထားတင်းမာတဲ့မွတ်စလင်အများအပြားကကန့်ကွက်တာကြောင့်ဂျကာတာမြို့တော်မှာကျင်းပမယ့်အစားဘာလီကျွန်းကိုရွှေ့ပြောင်းလိုက်ရပါတယ်။



စက်တင်ဘာလ၈ရက်မှာစတင်ကျင်းပတဲ့MissWorldပြိုင်ပွဲကိုဘာလီးကျွန်းသို့ပြောင်းရွှေ့ကျင်းပတဲ့အကြောင်းကိုအင်ဒိုအစိုးရကစက်တင်ဘာလ ရ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါလို့ ဂျကာတာ သတင်း တခုမှာ ဖော်ပြထားပါတယ်။ ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ကြမယ့်အလှမယ်လေးတွေရဲ့ရေကူးဝတ်စုံဝတ်ဆင်ယှဉ်ပြိုင်မယ့် ကိစ္စကို ကန့်ကွက်ကြလို့ ရွှေ့ပြောင်းကျင်းပခဲ့ရ တာလည်း ဖြစ်ပါတယ်တဲ့။ Miss World ကျင်းပမယ့်နေရာ ဘာလီကျွန်းဟာဟိန္ဒူဘာသာဝင်တွေအများဆုံးနေထိုင်ရာနေရာလည်းဖြစ်ပါတယ်။အဲဒီနေရာဟာပင်လယ်ကမ်းခြေအများအပြား ရှိပြီး ဘီကီနီမြင်ကွင်းတွေကို ကျင့်သားရနေတယ်လို့ ဆိုနိုင်တဲ့နေရာတခုဖြစ်ပါတယ်။

ဧရာဝတီblog

No comments: