Friday, September 06, 2013

၂၀၂၀ အိုလံပစ် အိမ်ရှင် ဒီတပတ်ထဲ ရွေးချယ်မည်


Friday, 06 September 2013
နိုင်ငံတကာအိုလံပစ်ကော်မတီ(IOCဟာဒီသီတင်းပတ်ထဲအာဂျင်တီးနားနိုင်ငံBuenosAiresမြို့မှာတွေ့ဆုံဆွေးနွေးပြီးစနေနေ့ကျရင်တော့၂၀၂၀ပြည့်နှစ်နွေရာသီအိုလံပစ်အားကစားပွဲတော်ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်မြို့ကိုမဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။လောလောဆယ်အိမ်ရှင်အဖြစ်အဆိုပြုထားတဲ့မြို့တွေကတော့ဂျပန်နိုင်ငံတိုကျိုမြို့၊တူရကီနိုင်ငံအီစတန်ဘူမြို့နဲ့ စပိန်နိုင်ငံမက်ဒရစ်မြို့တွေဖြစ်ကြပါတယ်။


 ဆူနာမီရေလှိုင်းဒဏ်ကြောင့်ပျက်စီးသွားတဲ့Fukushimaနျူကလီးယား စက်ရုံက ရေဒီယိုသတ္တိကြွဓာတ်တွေ ယိုစိမ့်ထွက်လာနေတဲ့ အပေါ် စိုးရိမ်မကင်းမှုတွေ သက်သာအောင် လုပ်ဆောင်ဖို့ လိုအပ်နေပေမဲ့လည်း အခုအချိန်အထိကတော့ အိမ်ရှင်အဖြစ် အဆိုပြုထားတဲ့ အထဲမှာ ဂျပန်နိုင်ငံကို လူကြိုက်များနေကြပါတယ်။ ဂျပန်နိုင်ငံက အိုလံပစ်အားကစားပွဲ ကျင်းပရေး တာဝန်ရှိသူတွေကလည်း တိုကျိုမှာ ကျင်းပမယ့် အစီအစဉ်ကို အားပေးသူတွေ တနေ့တခြား တိုးလာနေတယ်လို့ ပြောခဲ့ကြတာပါ။

 နိုင်ငံရေးပြဿနာတွေကြောင့်အီစတန်ဘူမြို့ရဲ့ အဆိုပြုချက်ကမရေမရာဖြစ်နေရပေမဲ့အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေးကြိုးပမ်းနေတဲ့တူရကီတာဝန်ရှိသူတွေကတော့နောက်ဆုံးအကြိမ်IOC ရဲ့ လူထုသဘောထား စစ်တမ်းတွေမှာ ထောက်ခံမှု ၈၃ ရာခိုင်နှုန်းရရှိခဲ့ပြီး အဆိုပြုထားတဲ့ ၃ နိုင်ငံမှာ အများဆုံးလို့လည်း ပြော ပါတယ်။ စီးပွားရေးနဲ့ အလုပ်လက်မဲ့ ပြဿနာတွေ ကြုံနေရတဲ့ စပိန်နိုင်ငံကတော့ အိုလံပစ်ပွဲကနေ လူ့အသိုင်းအ၀ိုင်းကို ပြောင်းလဲ လာစေမယ့်အကြောင်း ပြော ဆိုစည်းရုံးနေပါတယ်။

 VOA

No comments: