Friday, September 06, 2013

အလုပ်သမား ခုံသမာဓိကောင်စီ၏ ဖြေရှင်းပေးမှုကြောင့် ဟုန်ရှင်း အလုပ်သမားများ၏ တောင်းဆိုသည့် အချက်များ အားလုံးရရှိ


 Friday, September 6, 2013 

 အလုပ်သမားအငြင်းပွားမှုခုံသမာဓိကောင်စီ၏ဖြေရှင်းပေးမှုကြောင့်ဒဂုံဆိပ်ကမ်းမြို့နယ်ရှိဟုန်ရှင်း အလုပ်သမားများတောင်းဆိုသည့်အချက်များအားလုံးသဘောတူညီမှုရရှိခဲ့ပြီးလုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်မည်ဖြစ်ကြောင်းအဆိုပါစက်ရုံမှအလုပ်ထုတ်ပယ်ခံရသည့်အလုပ်သမားကိုယ်စားလှယ်ကိုမင်းမင်း၏ ပြောကြားချက်အရ သိရသည်။


 သြဂုတ်၁၀ ရက်ကအလုပ်သမားကိုယ်စားလှယ်နှစ်ဦးအားယင်းစက်ရုံမှ အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခဲ့ပြီး ယင်းကဲ့သို့ အလုပ်ထုတ်ပယ်ခဲ့မှုကြောင့် အဆိုပါ ကိုယ်စားလှယ် နှစ်ဦးအား ပြန်လည်ခန့်အပ်ရေး အပါအ၀င် အလုပ်သမား ဥပဒေပါ ခွင့်ရက် (ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့်) များအား ဥပဒေအတိုင်း ခံစားခွင့်ပြုရန်၊ စနေနေ့ အလုပ်ချိန်အား ဥပဒေပါ အတိုင်းသာ ခိုင်းစေရန်၊ အလုပ်သမားများအား မိမိနှင့် သက်ဆိုင်သော အလုပ်ဌာနတွင်သာ ခိုင်းစေပြီး ပြောင်းရွှေ့ရန် လိုအပ်ပါကလည်း ယင်းအ လုပ်သမား၏ သဘောဆန္ဒ တောင်းယူရန်၊ ၀န်ထမ်းအဆောင်တွင် အဆောင် မှူး ထားပေးရန်နှင့် ၎င်း၏ခွင့်ပြုချက် မရှိဘဲ အမျိုးသမီးအဆောင်အတွင်းသို့ ၀င်ခွင့်မပြုရန်၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ပြင်ဆင်ချုပ် ဆိုပေးရန်၊ ၀န်ထမ်းအဆောင်အား ပြန် လည်ပြုပြင်ပေးရန်၊ စက်ရုံ အလုပ်သမား ကိုယ်စားလှယ်များအား လုပ်ငန်းရှင်ကအသိအမှတ်ပြုပေးရန်၊လက်ရှိခန့်အပ်ထားသာဒုစက်ရုံမှူးနှင့်ဌာနဆိုင်ရာခေါင်းဆောင်သုံးဦးကိုအလုပ်မှရပ်တန့်ပေးရန်နှင့်ယခုတောင်းဆိုမှုကြောင့်လုပ်ငန်းရှင်မှာအငြိုးအတေး မထားဘဲ အလုပ်သမား အချင်းချင်း တန်းတူအခွင့်အရေး ပေးရန်တို့ကို တောင်းဆိုခဲ့ ကြကြောင်း သိရသည်။ 

 ဒုစက်ရုံမှူးနှင့်ဌာနဆိုင်ရာခေါင်းဆောင်သုံးဦးကိုအလုပ်သမားများနှင့်ပြေလည်မှုရရှိစေရန်ခံဝန်ကတိ ထိုးခိုင်းခဲ့ခြင်းအပါအ၀င်ကျန်အချက်ရှစ်ချက်ကိုသဘောတူညီမှုရရှိအောင်ဆောင်ရွက်ပေးခဲ့ပြီးအလုပ်သမား ကိုယ်စားလှယ်နှစ်ဦးအားပြန်လည်ခန့်ထားပေးရန်ကိစ္စမှာမူမအောင်မြင်သောကြောင့်အလုပ်သမားအငြင်းပွားမှုခုံသမာဓိကောင်စီသို့ သြဂုတ်၂၈ ရက်ကအကြောင်းကြားစာ တင်ပြခဲ့သည်။ တင်ပြခဲ့မှုကြောင့် ခုံသမာဓိ ကောင်စီရှေ့မှောက်တွင် သြဂုတ် ၂၉ ရက်က အလုပ်ရှင်နှင့် အလုပ်သမား တွေ့ဆုံညှိနှိုင်းခဲ့ပြီး သြဂုတ် ၃၀ ရက်တွင်ထုတ်ပယ်ခံရသောအလုပ်သမားကိုယ်စားလှယ်နှစ်ဦးအားပြန်လည်ခန့်ထားရန်ဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

 သို့ရာတွင် သြဂုတ် ၁၀ ရက်မှ လက်ရှိအချိန်ထိ စက်ရုံရှေ့တွင် ဆန္ဒပြနေသော သပိတ်စခန်းများအား ရုပ်သိမ်းခြင်း မပြုသေးဘဲ လုပ်ငန်းခွင် ပြန်လည် ၀င်ရောက်သည့်နေ့ မှ ပြန်လည် ရုပ်သိမ်းမည်ဟု အလုပ်သမား ကိုယ်စားလှယ် ကိုမင်းမင်း က ပြောကြားသည်။

 eleven media group

No comments: