Friday, September 6, 2013
သံလွင်မြစ်ပေါ်တွင်တရုတ်နှင့် ထိုင်းနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးရန် ရေကာတာများ ဆောက်လုပ် စီစဉ်နေခြင်းသည်မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမည်ဖြစ်သောကြောင့် ယင်းအစီအ စဉ်ကိုရပ်တန့် ပေးရန်မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက် ကတောင်းဆိုသည့်ကြေညာချက်ကို ထုတ်ပြန်ခဲ့ သည်။သံလွင်မြစ်ပေါ်တွင်ပဋိပက္ခဖြစ်ပွားနေသည့်ကြားမှသံလွင်မြစ်တစ်လျှောက်တွင်ရေကာတာဆောက်လုပ်ရေးအစီအစဉ်ကိုယခုနှစ် မတ်လအတွင်းက လျှပ်စစ်ဓာတ်အား ဒုဝန်ကြီးမှ ရေကာတာ ၆ ခု ဆက်လက်ဆောက်လုပ်သွားမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါစီမံကိန်းမှလျှပ်စစ်ဓာတ်အား၁၅၀၀၀ မဂ္ဂါဝပ်ကျော်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီးလျှပ်စစ်ဓာတ်အားကို တရုတ်နှင့်ထိုင်းနိုင်ငံသို့အများဆုံးတင်ပို့မည်ဖြစ်ကြောင်းသိရသည်။၂၀၀၄ခုနှစ်တွင်အစိုးရနှင့်အိန္ဒိယနိုင်ငံတို့ ထမံသီ ရေကာတာ ဆောက်
လုပ်ရန် သဘောတူညီခဲ့ပြီး အဆိုပါ စီမံကိန်းသည် ဒေသခံ ပြည်သူလူထု၏ စိုက်ပျိုးရေးနှင့် လူနေမှု ဘ၀တို့ကို ထိခိုက်ပျက်စီးစေပြီး သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေသောကြောင့် အိန္ဒိယ အစိုးရထံသို့ ယင်းအချက်
အလက်များကို တင်ပြကာ စီမံကိန်း ရပ်တန့်ပေးရန် တောင်းဆို
ခဲ့သောကြောင့် ၂၀၁၃ ခုနှစ် ဇွန်လတွင် အိန္ဒိယ အစိုးရမှ ထမံသီ
ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို ရပ်တန့်ပေးခဲ့သည်။
ထိုနည်းတူစွာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှလည်း သံလွင်မြစ်ပေါ်တွင်
ဆောက်လုပ်မည့် ရေကာတာ စီမံကိန်းများကို ရပ်တန့်ပေးကာ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဒေသခံ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်တို့ကို ထိခိုက်ပျက်စီး စေနိုင်သောကြောင့် မိမိတို့ နိုင်ငံအတွင်းတွင် နည်းလမ်းရှာဖွေကာ မိမိတို့ လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဖြည့်တင်း
သွားသင့်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းကလည်း သံလွင်မြစ်ပေါ်တွင် ရေကာတာများ ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူမည် ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အာဆီယံလူထု ဖိုရမ်တွင် ထည့်သွင်းဆွေးနွေးသင့်ဟု အကြံပြုသည်။
eleven media group

No comments:
Post a Comment