Friday, September 06, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်ထိပ်တံတား အနီးတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်


 Friday, 06 September 2013 

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်အတွင်းရှိ ဂုတ်ထိပ်တံတား အနီးတွင် မြေပြိုမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


 ဖြစ်စဉ်မှာစက်တင်ဘာ၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂုတ်ထိပ် တံတားနှင့် နောင်ချိုအကြား ရထားလမ်း မိုင်တိုင်အမှတ် ၄၆၃/၁၂-၁၂ ကြားတွင် အမြင့် နှစ်ပေ၊ အလျားပေ ၆၀၊ အနံပေ ၂၀ ခန့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး မိုင်တိုင်အမှတ် ၄၆၀/၃-၈ ကြားတွင်လည်း အမြင့် နှစ်ပေ၊ အရှည် ၁၂၀ ပေခန့်၊ မိုင်တိုင် ၄၅၉/၁ အနီးတွင် အလျား ၁၇ ပေ၊ အနံ ရှစ်ပေ၊ အ မြင့် ၁၀ ပေခန့် အသီးသီး ပြိုကျမှု ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ ထို့အတူ စက်တင်ဘာ ၄ ရက်ကလည်း ချောင်းချောက်နှင့် ရေပူကြား ရထားလမ်း မိုင်တိုင်အမှတ် ၄၉၉/၃-၄ တွင် ပေ ၃၀ ပတ်လည် ကျောက်တုံး နှစ်တုံးနှင့် ကျောက်တုံး အပိုင်းအစများ ပြိုကျခဲ့ပြီး မိုင်တိုင် ၄၉၉/၁၃-၁၄ တွင် အလျားပေ ၃၀ ၊ အမြင့် ငါးပေခန့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

 ယင်းသို့ မြေပြိုကျမှု ဖြစ်စဉ်များကြောင့် ရထားခရီးစဉ်အချို့ ကြန့်ကြာခဲ့ရပြီး မီးရထား ၀န်ထမ်းများက လမ်းရှင်းလင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 

 eleven media group

No comments: