Monday, September 9, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့မြန်မာနိုင်ငံတရားစီရင်ရေးအပေါ်အုပ်ချုပ်ရေးဘက်က၀င်ရောက်စွက်ဖက်တာတွေမပြုလုပ်ရေးစတဲ့ဥပဒေဆိုင်ရာကိစ္စတွေကိုမနေ့ကရန်ကုန်မြို့အင်းယားလမ်းကလွှတ်တော်ရုံးခွဲမှာဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနန္ဒကျော်စွာ၊ သူရ ဦးအောင်ကို အပါအ၀င် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးမြင့်အောင်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်စံမြင့်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ NLDကသတင်းထုတ်ပြန်ထားပါတယ်။တရားရေး ၀န်ထမ်းဟောင်းတွေ၊ရှေ့နေ ကွန်ယက်ကသူတွေ၊အခြားစိတ်ဝင်စားသူတွေလည်းတက်ခဲ့ကြတာပါ။
“ဆွေးနွေးကြရာတွင် တရားစီရင်ရေး နယ်ပယ်အပေါ် အုပ်ချုပ်ရေးနယ်ပယ်မှ
မစွက်ဖက်ရန်၊ အာဏာ သြဇာ သုံးခြင်း (သို့) တရားသူကြီးများမှ အဂတိလိုက်စားခြင်း ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့
ရဲတပ်ဖွဲ့ လုပ်ငန်းများ၊၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
ဆွဲနိုင်ရန် ပြင်ဆင် သင့်သော နောက်ဆက်တွဲ ဥပဒေများ၊ ဆွေးနွေးကြ
သည်” လို့ NLD ဖေ့စ်ဘုတ်စာမျက်နှာက ရေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေးနွေးချက်တွေကိုလည်းဆက်လက်ဖော်ပြပေးသွားမယ်လို့ ပြောထားပါတယ်။
ဧရာဝတီblog

No comments:
Post a Comment