Tuesday, September 3, 2013
တရုတ်နိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ်ပါတီကွမ်ရှီး ပြည်သူ့ကွန်ဂရက်အတွင်းရေးမှူး Mr. Peng Qinghua အား စက်တင်ဘာ(၂)ရက် ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲတွင် နန်နင်းမြို့ရှိ ခေတ္တတည်းခိုသည့် လိယွမ်ဧည့် ဂေဟာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဝင်းမြင့်၊ ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာဝင်းမြင့်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး အတွင်းရေးမှူး Mr. Peng Qinghua နှင့်အတူ ကွမ်ရှီးပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဌနှင့် ကွမ်ရှီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊လေကြောင်း လိုင်းများ အပြန်အလှန်ပြေးဆွဲရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ် များကိုရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။
http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2013%2F09%2F02%2Fid-4390

No comments:
Post a Comment