Tuesday, September 3, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းနှင့် စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီတွင် နန်နင်းမြို့ရှိ လိယွမ် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြုပြင်ပြောင်း လဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်တို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက် ဆံရေးနှင့်ပတ်သက်၍ ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နန်နင်းမြို့ရှိ လိယွမ် ဧည့်ဂေဟာ အပြည်ပြည်ဆိုင်ရာအစည်း အဝေးခန်းမ ဒုတိယထပ်၌ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီကာကျန်းက (၁ဝ)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက် ရောက်လာကြသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများအားတည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2013%2F09%2F03%2Fid-4391

No comments:
Post a Comment