Monday, September 9, 2013
ရွှေဝါရောင်တော်လှန်ရေးကာလတွင်မှုခင်းရဲတပ်ဖွဲ့ကငွေကြာယံပရိယတ္တိစာသင်တိုက်မှရှာဖွေသိမ်းဆည်းသွားခဲ့သောငွေ၁၂သိန်းကျော်အားယခုအချိန်အထိပြန်လည်ထုတ်ပေးခြင်းမရှိသေးကြောင်းငွေကြာယံစာသင်တိုက်မှစာချနာယကဆရာတော်ဦးဃောသိတကရန်ကုန်တိုင်းမ်သတင်းစာသို့ထုတ်ဖော်မိန့်ကြားလိုက်သည်။၂ဝဝ၇ခုနှစ်စက်တင်ဘာကဖြစ်ပွားခဲ့သောရွှေဝါရောင်တော်လှန်ရေးကာလတွင်ပါဝင်ခဲ့သောရဟန်းသံဃာတော်များ၏ကျောင်းများကိုရဲတပ်ဖွဲ့ဝင်များကရှာဖွေသိမ်းဆည်းမှုပြုလုပ်ခဲ့ရာတွင်ဆရာ တော်များ၏ငွေ
များနှင့်ပစ္စည်းများ ယင်းကဲ့သို့ အသိမ်းခံခဲ့ရခြင်းဖြစ် ကြောင်းသိရသည်။
''ကျောင်းတိုက်ကိုစက်တင်ဘာ၂၆ရက် ည ၁၂နာရီမှာ အကြမ်းဖက်
ဝင်ရောက်စီးနင်းပြီးနောက် ၂ရရက်မှာ မှုခင်းရဲတပ်ဖွဲ့ဝင်တွေဝင်ရောက်ပြီးကျောင်းမှာရှိတဲ့ပစ္စည်းတွေအားလုံးကိုသိမ်းသွားတယ်''ဟုအဆိုပါကျောင်းတိုက်မှဆရာတော်ဦးအဂ္ဂဓမ္မကမိန့်သည်။၂၀၁၁ခုနှစ်ဇွန်၁၈ရက်တွင်ကျောင်းတိုက်မှသံဃာများကတောင်ဥက္ကလာပမြို့နယ် ရဲစခန်း မှူး ဦးသာဌေးထံသို့သွားရောက် ပြီး ငွေများကိုပြန်လည်ထုတ်ပေး ရန်ပြောဆိုခဲ့ရာ ခရိုင်သို့တင်ပြ ပေးပြီးဟု ဆိုကာ မြို့နယ်အထွေ ထွေအုပ်
ချုပ်ရေးမှူး ဦးချစ်သိန်း ထံသွားရောက်ညှိနှိုင်း ဖြေရှင်းခိုင်းရာတွင်သက်ဆိုင်ရာတာဝန်ရှိသူကိုဆက်သွယ်အကြောင်းကြားရာ အဆင်မပြေသဖြင့် ယခုအထိ
အ ဖြေမထွက်သေးကြောင်း ဆရာ တော်က ထပ်မံမိန့် ကြားသည်။
''၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ နောက်တစ်ခေါက်သွား မေးတော့ ရဲအုပ်အုန်းခိုင်က ရှာ ဖွေပုံစံကို ဃှီု ကလာရောက် သိမ်းသွားပြီလို့ပြောပါ
တယ်'' ဟု ငွေကြာယံစာသင်တိုက်မှ စာချ နာယကဆရာတော် ဦးဃောသိတ က မိန့်ကြားသည်။
စာချ နာယက ဆရာတော် က ''ဒီငွေတွေ
က ဦးဇင်းတို့ဒါယ ကာ၊ ဒါယိကာမတွေ၊ အလှူရှင် တွေက လှူဒါန်းထားတာတွေပါ။ဒီလိုသံဃိကပစ္စည်းတွေကိုအခုလိုမတရားသိမ်းတာဆိုရင်တော့ဒီအကုသိုလ်ရဲ့အကျိုးဆက်ကိုသံသရာအဆက်ဆက်ခံစားရမှာပဲ''ဟုမိန့်သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍တောင်ဥက္ကလာပရဲစခန်းမှ တာ ဝန်ရှိသူအရာရှိတစ်ဦးကို ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာက သွား ရောက်တွေ့ဆုံမေးမြန်းရာ ''အဲဒါ က အရင်တာဝန်ကျတဲ့သူလက် ထက်က ဖြစ်ခဲ့တာ။ အခု ရုံးမှာက လူသစ်တွေ ချည်းပဲဖြစ်နေတော့ ဒီကိစ္စကိုသေချာပြောနိုင်မယ့်သူမရှိဘူးဖြစ်နေတယ်။တကယ်လို့ငွေပြန်ထုတ်မယ်ဆိုရင်လဲငွေအပ်ထားတဲ့သူထုတ်မှရနိုင်မှာဖြစ် တယ်''ဟု ပြောသည်။ယင်းကဆက်လက်၍ အဆို ပါ သိမ်းဆည်းထား သောငွေ ကျပ် ၁၂၇၇၅၀၀ ကို ထိုအချိန်က မြို့ နယ်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက် အရ သင်္ဃန်းကျွန်းမြို့နယ်ရှိ မြန် မာ့စီးပွားရေးဘဏ်တွင် အပ်ထား သည်ဟူသော မှတ်တမ်းရှိထား သည်ကိုသာတွေ့ရကြောင်း ပြော သည်။
ငွေကြာယံကျောင်းတိုက်ကို၂ဝဝရခုနှစ်စက်တင်ဘာ၂၆ရက်ည၁၂နာရီခန့်တွင်ရဲတပ်ဖွဲ့မှအကြမ်းဖက်ဝင်ရောက်နှိမ်နင်း ခဲ့ပြီး သံဃာတော်များကိုဖမ်းဆီး ကာ သံဃာတော်အများစုအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၅ အရ ထောင်ဒဏ် နှစ်နှစ် နှင့် ပုဒ်မ ၅၀၅(ခ)အရ ထောင်ဒဏ်နှစ်နှစ် သီးခြားကျခံခဲ့ရကြောင်း သိရသည်။
စိုင်းဟန် ၊ ငယ်ထွေး(ကလေး)
Yangon Media Group

No comments:
Post a Comment