Monday, September 09, 2013

KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် တရုတ်အမျိုးသားကောလိပ် ဖွင့်လှစ်


 Monday, September 9, 2013 
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင်၂၀၀၇ ခုနှစ်မှစ၍ဖွင့်လှစ်ခဲ့သော တရုတ်စာနှင့်တရုတ်စကားသင်ကြားပေး သည့် ကျောင်းအား စက်တင်ဘာလထဲတွင် တရုတ်ဘာသာစကား အမျိုးသားကောလိပ်အဖြစ်ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေပြီးကျောင်းသားကျောင်းသူအသစ်များကိုလည်းစာရင်းလက်ခံနေပြီဖြစ်ကြောင်းလိုင်ဇာမြို့ခံများထံမှသိရသည်။ယင်းတရုတ်ဘာသာစကားအမျိုးသားကောလိပ်တွင်ပညာသင်နှစ်၂ နှစ်သတ်မှတ်ထားပြီး တစ်နှစ်ပတ်လုံး အတွက် ကျောင်းစရိတ် ၀င်ကြေး တရုတ်ယွမ်ငွေ ၅၀၀၀ ( မြန်မာငွေ ၈ သိန်းခန့်) နှင့်ဘော်ဒါဆောင်တွင် အိပ်၊စား ကုန်ကျစရိတ် တရုတ်ငွေ ယွမ် ၈၅၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) ပေးသွင်းရကြောင်း သြဂုတ် ၂၅ ရက်နေ့မှစ၍ နာမည်စာရင်းလက်ခံနေပြီ ဖြစ်ကြောင်း ယင်းကောလိပ်ကျောင်း ဘော်ဒါဆောင် တာဝန်ခံတစ်ဦးက ပြောသည်။

လိုင်ဇာမြို့မှ ဒေသခံကချင်လူငယ်များသည် တရုတ်စာ၊တရုတ်စကားများကို သင်ကြားနေရပြီး အစိုးရမှ ပြဌာန်းထားသော မြန်မာစာနှင့် သင်ရိုးညွှန်း တမ်းများကို သင်ကြားခွင့်မရသောကြောင့် လိုင်ဇာမြို့သည် တရုတ်ကိုအားကိုးလွန်းနေသည်ဟုဒေသခံကျောင်းသားမိဘအချို့ကပြောကြကြောင်းနှင့်တရုတ်ကောလိပ်သည် လိုင်ဇာရှိ ပညာတတ်လူတန်းစားအတွက် သာ ဖြစ်နေကြောင်း သိရှိရသည်။ တရုတ် - မြန်မာနယ်စပ် ကချင်အရေးလေ့လာသုံးသပ်သူ သတင်းထောက် တစ်ဦးက “ အဲဒီကောလိပ် ကျောင်းမှာ ၂ နှစ်တက်ပြီးရင် တရုတ်နိုင်ငံ ကူမင်တက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရှိတယ်ဆိုပြီး တရုတ်က အပိုင်ချည်ထားပြီးသား၊ ကချင်လူငယ်တွေကမြန်မာနိုင်ငံထဲမှာရှိတဲ့တက္ကသိုလ်တွေမှာမတက်တာတော့ပညာရေးပိုင်းနဲ့လူမျိုးရေးအရ နိုင်ငံ သိက္ခာကျတာပေါ့ ၊ တနည်းပြောရရင် လိုင်ဇာက တရုတ်ရဲ့ သြဇာခံလို ဖြစ်နေတဲ့ သဘောပါပဲ ” ဟုပြောသည်။“အရင်တုန်းကတိုက်ပွဲတွေကြောင့်နယ်မြေမအေးချမ်းလို့ဒေသခံလူငယ်တွေအစိုးရကျောင်းမှာ မတက်ရတာလက်ခံနိုင်တယ်၊အခုအေးချမ်းနေပြီလေ၊ဘာလို့မတက်ခိုင်းသလဲ၊လိုင်ဇာမှာရှိတဲ့ခေါင်းဆောင်တွေကတရုတ်အလိုကျလိုက်လုပ်နေတာရှင်းနေတာပါပဲ၊ဒီလိုင်ဇာမှာမြန်မာငွေမသုံးဘဲတရုတ်ယွမ်သုံးနေတာက သက်သေပဲပေါ့ ” ဟု ဆက်ပြောသည်။

 ၎င်း၏ ထပ်မံပြောပြချက်အရ လိုင်ဇာမြို့တွင် တရုတ်နိုင်ငံမှ ပုဂ္ဂလိကဘဏ် များ လာရောက်ဖွင့်လှစ်ထား ကြောင်း၊လိုင်ဇာမြို့ပတ်ဝန်းကျင်ရှိရွှေမှော်များ၌တရုတ်ကုမ္ပဏီများအားရွှေတူးဖော်ခွင့်ပြုထားရကြောင်း၊တရုတ်စာနှင့် တရုတ်စကားများသာ သင်ကြားနေရခြင်းမှာ တရုတ်၏ သြဇာကို မလွန် ဆန်နိုင်၍ ဖြစ်ကြောင်း လိုင်ဇာမြို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲမှ မြို့တစ်မြို့ဟု အမည်ခံသာရှိပြီး အမှန်တကယ်တွင် တရုတ်၏ မြို့တစ်မြို့ ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ 

 နော်မိုင်

No comments: