Thursday, September 05, 2013

ပြင်သစ်နိုင်ငံ အခြေစိုက် ကမ္ဘာကျော် ရေကူးကန်ကုမ္ပဏီ DesJoyaux မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက်


Thursday, 05 September 2013 

ပြင်သစ်နိုင်ငံ အခြေစိုက် ကမ္ဘာကျော် Desjoyaux Pool ရေကူးကန် ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံအတွင်း စတင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ရေကူးကန်ကုမ္ပဏီနှင့် ဆက်သွယ်လုပ်ဆောင်နေ
သည့် K Link Co. Ltd မှ သတင်းရရှိသည်။

အဆိုပါရေကူးကန်တည်ဆောက်သည့် နည်းပညာများမှာ သာမန်ရေကူးကန်များကဲ့သို့ မဟုတ်ဘဲ Pipeless Filtration System ဖြစ်သည့်အတွက် Pumping System, Water Filter များအတွက် နေရာပေးရန် မလိုသည့်အပြင် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသည့်အတွက် ရေကူးကန် တစ်ကန်လျင် ၁၀ ရက်ခန့်အတွင်း တည်ဆောက်နိုင်ကြောင်း သိရသည်။

ရေကူးကန် ပတ်ဝန်းကျင်နှင့် ရေကူး ကန်ကြွေပြားများ မှိုတက်ခြင်း၊ကြွေပြားများ တိုက်ချွတ်ဆေးကြောရန် မလိုသည့် Reinforce Liner စနစ်အား အသုံးပြုထားပြီး အဆိုပါစနစ် အပါအ၀င် Structure, Walling, Filtrationများ၏အာမခံအား၁၀ နှစ်အထိ သတ်မှတ်ထားကာ ရေကူးကန်၏တည်ဆောက်မှုအပိုင်းဖြစ်သည့် အာမခံကိုမူ ၅ နှစ်သတ်မှတ်ထားကြောင်း သိရသည်။

ကမ္ဘာနံပါတ်တစ်ရေကူးကန်ကုမ္ပဏီဖြစ်သည့်Desjoyauxကုမ္ပဏီအနေနှင့်လတ်တလောတွင် မြန်မာနိုင်ငံအတွင်း အရောင်းပြခန်း ဖွင့်လှစ်ရန် လုပ်ဆောင်နေပြီး ရေကူးကန် တည်ဆောက်ရေး လုပ်ငန်းများအား K Link Co. Ltd မှ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

eleven media group

No comments: